2 . မင်းကော ငါ့ကိုကြိုက်နေတာလား?

1.4K 133 0
                                    

- အကိုကြီး နိုးပြီလား ဟီးဟီး... အိပ်လို့ကောင်းတယ်မလား?

ဝမ်ရိပေါ် နောက်ဆုံးမှတ်မိသည်က သူနှင့် နန်ရှန်း၏ မင်္ဂလာပွဲစခါနီး အချိန်ဖြစ်သည်။ US မှ အကျိုးတူ ပူးပေါင်းထားသည့် လုပ်ငန်းရှင်မှ ဂုဏ်ပြုစကားကို နားထောင်ပေးပြီး ဖုန်းအချ သူ့နှာခေါင်းကို ပိတ်စနဲ့အုပ်ခံလိုက်ရပြီး စိမ်းရွှေရွှေအနံ့ကြောင့် မျက်ခွံတွေ လေးလံလာခဲ့သည်။ နောက်ဆုံးမှာတော့ သူဘာမှ မသိတော့။

အခုအသိပြန်ဝင်လာတော့ ပထမဆုံး မြင်လိုက်ရသူက သူ့အား သွားအကုန်ဖြဲကာ ရီပြနေသည်။ ထထိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အိပ်ခန်းဖြစ်ဟန်တူသည့် အခန်းထဲက ကုတင်ပေါ်တွင် သူရောက်နေသည်။

- အကိုကြီး... ရေသောက်မလား? ဟီးဟီး ညီလေးခပ်ပေးမယ်လေ...

ဝမ်ရိပေါ် သူ့အား တော်တော်လေး မျက်နှာလုပ် နေသည့် ရှောင်ကျန့်ကြောင့် မျက်ခုံးတို့ကို သိသိသာသာ ကျုံ့ပစ်လိုက်သည်။

- မင်းက ဘယ်သူလဲ? ငါကကော ဒီကို ဘယ်လိုရောက်နေတာလဲ? ငါ့မင်္ဂလာပွဲကကော...

- ဒါက ဒီလိုရှိတယ် ကိုကြီးရဲ့...

ရှောင်ကျန့်က စာကြည့်ထိုင်ခုံအားဆွဲပြီး ကုတင်ဘေးတွင် ထိုင်လိုက်သည်။ မျက်နှာကလည်း တော်တော်ကြီးကို ပြုံးရယ်ထားရသေးသည်။

- ဒီက အကိုကြီးရဲ့ ညီလေးနာမည်က ရှောင်ကျန့်တဲ့... အကိုကြီးကို မင်္ဂလာပွဲကနေ မေ့ဆေးလေး သေးသေးလေး အုပ်ပြီး ခေါ်လာခဲ့တာ... အခု အကိုကြီးရောက်နေတဲ့ နေရာက ဒီညီလေးရဲ့ နိဗ္ဗာန်ဘုံ တိုက်ခန်းလေးထဲက မွေ့ယာအိအိလေး ပေါ်မှာ ... အိပ်ရတာ သက်တောင့်သက်သာ ရှိတယ်မလား? မင်္ဂလာပွဲကတော့... နည်းနည်းလေး ပျက်သွားတယ် ကိုကြီး... ဒီကညီလေးကို စိတ်မဆိုးပါနဲ့နော်... နော်လို့...

ရိပေါ် မျက်နှာက မန်ကျည်းရွက်လောက်သာ ကျန်တော့သည့် ရှောင်ကျန့်ကို မျက်စိကို မှေးကြည့်၍ အကဲခတ်လိုက်သည်။ ထိုကောင်လေးဟာ သူ့ပတ်ဝန်းကျင်က မဟုတ်သလို သူနှင့်ရင်းနှီးသူလည်းမဟုတ်ပေ။

- မင်းကော ငါ့ကို ကြိုက်နေတဲ့ လူတွေထဲက တစ်ယောက်လား?

- နိုး နိုး နိုး... မဟုတ်ရပါဘူး... ကိုကြီးရယ်... ညီလေးက ကိုကြီးကို ဒီနေ့မှ မြင်ဖူးတာပါ... ကိုကြီးကို လုံးဝလုံးဝ ကြိုက်နေတဲ့ သူမဟုတ်ပါဘူး...

I'm HERO ^•^ [UNICODE]Where stories live. Discover now