9. သေးသေးလေး ချွဲလို့ရလားဟင်?

959 97 1
                                    

ညနေက အိပ်ပျော်သွားသည်မို့ ညအိပ်မပျော်တော့သည့် ရှောင်ကျန့်ဟာ ဇာတ်ကားကြည့်နေခဲ့သည်။ ရိပေါ်ဆိုသော အလုပ်သရဲမှာလည်း အလုပ်နှင့်လက်နှင့်မပြတ်ပေ။ သူများသားသမီးတွေ ကြီးပွားကြတာ မပြောနဲ့။ ကြိုးစားကြတာလည်းလွန်နေရော။

ရိပေါ် စစ်ဆေးရမည့် ရုံးခွဲမှ စာရင်းများအား ကြည့်ပြီးနောက် ည 10နာရီပင် ခွဲလေပြီ။ 9 နာရီမထိုးခင်က အိမ်တော်ထိန်းကြီးက နွားနို့လာပို့လေတော့ ရှောင်ကျန့်က မုန့်စားချင်သည်ဟု ပြောကာ အိမ်တော်ထိန်းကြီးနောက် လိုက်သွားသည်မှာ ခုချိန်ထိ မပြန်လာသေး။ ရိပေါ် မျက်နှာသစ်သွားတိုက်ကာ အောက်ထပ်သို့ ဆင်းလာတော့ လှေကားအတက်အဆင်းတွင် ရှောင်ကျန့်နှင့်ဆုံသည်။

- ကိုကြီး မအိပ်သေးဘူးလား? နောက်ကျနေပြီလေ...

- အွန်း အိပ်တော့မှာ မင်းမလာသေးလို့...

ရိပေါ်က နေဗီရောင် ညအိပ်ဝတ်စုံ ဝတ်ထားသည်။ လက်နှစ်ဘက်အား ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားပြီး လှေကားထိပ်တွင် ရပ်နေသည့် ရိပေါ်က သန့်ပြန့်လွန်းသည်။ ရှောင်ကျန့်သည်မူကား ဝမ်ရိပေါ်ရဲ့ ညအိပ်ဝတ် အနက်ရောင်နှင့် ဖားဖားရားရားဖြစ်နေခဲ့သည်။

- ကိုကြီးကလည်း အိပ်နှင့်တာမဟုတ်ဘူး... ကျွန်တော်က ဦးလေးမင်နဲ့ မုန့်စားရင်း စကားတွေပြောနေတာ...

ရှောင်ကျန့်က စကားပြောရင်း တက်လာသည်မို့ ရိပေါ်နှင့် အနီးဆုံးသော လှေကားထိပ်သို့ ရောက်လာခဲ့သည်။ ထိုစဉ် လှေကားနှင့် မျက်စောင်းထိုး အောက်ထပ်အခန်းမှ ချင်းယွဲ့ ( ဦးလေး မိန်းမ )ထွက်လာသည်မို့ ရိပေါ်ရဲ့ လက်ဟာ ရှောင်ကျန့်ပခုံးသို့ရောက်သွားကာ ထိုအတိုင်းပင်အတူ အပေါ်သို့ တက်သွားကြသည်။

- ဘာတွေစားပြီး ဘာတွေပြောကြတာလဲ?

- ပေါက်ပေါက်ဆုပ်ပါ... ကျွန်တော်ဘဲစားတာ... ဦးလေးမင်က မစားဘူးတဲ့... ဘာရယ်တော့ မဟုတ်ပါဘူး ဒီအတိုင်း ရောက်တတ်ရာရာ... လျှောက်ပြောကြတာ...  ကိုကြီး ဒေါသကြီးတဲ့အကြောင်း လည်း ပြောဖြစ်သေးတယ်...

ရိပေါ် ဘာကြောင့်မှန်းမသိပေမယ့် ပြုံးမိပြန်သည်။ ရှောင်ကျန့် နှာခေါင်းကို ညစ်ပြီးနောက် လက်ညှိုးထိပ်နှင့် နှာခေါင်းထိပ်ကို တို့ထိ ဆော့ကစားသည်။ ရှောင်ကျန့်ကတော့ အနေခက်ပေမယ့် ရိပေါ်ပြုံးနေသည်မို့ သူမတားမိတော့။

I'm HERO ^•^ [UNICODE]Where stories live. Discover now