- ဟဲလို...
- ဟဲလို ရှောင်ကျန့် နင်မသေသေးဘူးမလား?
- မသေသေးဘူး... ရှင်နေတုန်းဘဲ...
- ဟူး... တော်သေးတာပေါ့... ခုနက စီအီးအို ဒေါကြီးမောကြီးနဲ့ ထွက်သွားလို့ နင်များ အသတ်ခံရပြီလားလို့... စိတ်တောင်ပူ သွားတယ်...
စပီကာဖွင့်ထားသည်မို့ ဘေးတွင်ထိုင်နေသည့် ရိပေါ်ပါ အတိုင်းသားကြားနေရသည့် အခြေအနေဖြစ်သည်။
- ကိုကြီးက ငါ့ကို မသတ်ပါဘူးဟ...
- နင်ပြဿနာ မရှာဘူးမလား? နင် ပြဿနာမရှာနဲ့နော်... နင်သိထားရမှာက နင်အခုရောက်နေတဲ့နေရာက စနက်တံဖြုတ်ပြီးသား ဗုံးတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဘဲ... နင်သာတစ်ချက် လှုပ်လိုက်တာနဲ့ နင်အစိတ်စိတ် အမွှာမွှာ ဖြစ်သွားမှာ... ပြဿနာမရှာနဲ့နော်...
- အွန်း...
- ဒါဆို ဒါပဲနော် ဖုန်းချပြီ... ပြဿနာမရှာနဲ့...
ဟန်အိုက် ဖုန်းချသွားပြီးနောက် ရှောင်ကျန့်က ရိပေါ်ကို ကြည့်လာသည်။ လက်ထဲက ကတ် ကြီးကို ရိပေါ်ရှေ့ ဝှေ့ယမ်းပြသည်။
- ကိုကြီး ကြည့်လိုက်... ဒီကတ်လေးက ဘာမှအလေးချိန် မရှိဘူးလို့ ထင်ရပေမယ့်... ကျွန်တော့်အတွက် အရမ်းလေးလံတဲ့ ကျောက်တုံးကြီးကို ကိုင်ထားရသလိုဘဲ... ကျွန်တော် ဒီဟာကြီးကို မလိုချင်ဘူး... ကိုကြီး နော်...
ရိပေါ်က ရှောင်ကျန့်ရဲ့ မနာသောပါးအား ညစ်လိုက်သည်။
- ခုနက မင်းသူငယ်ချင်းက ပြဿနာမဖြစ်စေနဲ့လို့ မှာလိုက်တယ်လေ... မင်းမယူရင် ကိုယ်ပြဿနာရှာရလိမ့်မယ်...
ရှောင်ကျန့်က စူပုတ်စွာဖြင့် လက်လျှော့လိုက်ရသည်။ ငြိမ်ကုတ်သွားတဲ့ ရှောင်ကျန့်ကို မြင်တော့ ရိပေါ်က ရှောင်ကျန့်ရဲ့ နားရွက်လေးကို လက်ညှိုးဖြင့် တို့ထိနေလိုက်သည်။ သူတစ်နည်းမဟုတ် တစ်နည်းနှင့် ရှောင်ကျန့်ကို ထိတွေ့ချင်လာသည်။ ဒါဟာ ဘာရမ္မက်မှ မပါတဲ့ အဖြူရောင် ထိတွေ့လိုစိတ်ဖြစ်သည်။
- ကိုယ် မသိဘူး... အတွေ့အကြုံလည်း မရှိဘူး... ရည်းစားတစ်ခါမှ မထားဖြစ်ခဲ့တော့ ကိုယ်မင်းကို ဘယ်လိုပျော်အောင် ထားရမလဲ ကိုယ်မသိဘူး...