5 . ဝမ်းနည်းနေလား? ငိုလို့ရတယ်

1K 112 1
                                    

- စူပါမန်းက ဘာလို့ဒီလောက်ထိ လက်ဖျားတွေက အေးစက်နေတာလဲ?

ကင်မရာမီးတွေ တစ်ဖျတ်ဖျတ် အကြည့်များစွာရဲ့ အာရုံစိုက်ခြင်း ခံထားရသည်က သူ့ဘဝအတွက် ပထမဦးဆုံးမို့ ရင်တုန်ပန်းတုန်ပင်။ မနေတတ်မထိုင်တတ် ပြုံးပြရမည်လား တည်ထားရမည်လား သူ့ကိုယ်သူ ဘာလုပ်ရမလဲတောင် မသိတဲ့အချိန်မှာ သူပေါင်ပေါ်တွင် တင်ထားသည့် လက်ကို ဆုပ်ကိုင်လာပြီး နား နားကပ်ကာ တိုးတိုးလေးပြောလာသည့် ရိပေါ်ကြောင့် ကြက်သီးဆိုသည်မှာ ဖျင်းကနဲပဲ။

ကားပေါ်က ဆင်းပြီး WANG GROUP အဆောက်အအုံထဲ ဝင်လာတည်းက လက်ကို တွဲထားသည့် ရိပေါ်က သူတို့အတွက် ပြင်ထားပေးသည့် နေရာရောက်မှ လွှတ်ပေးခဲ့သည်။ ယခုတွင်လည်း အချိန်ဘယ်လောက်မှပင် မရှိသေး ထပ်လို့ ကိုင်လာပြန်သည်။

- မကြောက်နဲ့...

ထို တိုးညှင်းတဲ့အသံက ရှောင်ကျန့်ရဲ့ ကြောက်စိတ်တစ်ဝက်အား လျှော့ချပေးလိုက်သယောင်။ ရှောင်ကျန့် ခေါင်းငြိမ့်မိလိုက်သည်။

- ပါးနဲ့မား ဒီကိစ္စကြီးကို သိသွားရင် ဘယ်လိုလုပ်မလဲ? ကိုကြီး

ရိပေါ်က ပြုံးလိုက်ကာ ရှေ့သို့လှည့်သွားသည်။

- စမယ်...

ထိုအစီအစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်သည်မို့ TVမှ မဟုတ်လျှင် ဖုန်းမှ ကြည့်မည့်သူများရှိသည်။ သေချာပေါက် လူစိတ်ဝင်စားမည့် အစီအစဉ်ဖြစ်သည်။

- ကျွန်တော်က ဝမ်ရိပေါ်ပါ... လက်ရှိ WANG GROUPကို ဦးစီးနေပါတယ်... ဒီဘက်က ကျွန်တော့်ရဲ့ ရှောင်ကျန့်ပါ...

ရှောင်ကျန့်က သူ့ကိုပါ မိတ်ဆက်ပေးလာတော့ ပြုံးပြလိုက်ရသည်။

- အားလုံးဘဲ... မင်္ဂလာပါ...ကျွန်တော်က ကိုကြီးရဲ့ ရှောင်ကျန့်ပါဗျ...

သတင်းထောက်များမှ စတင်မေးမြန်းလာတော့သည်။

- စီအီးအို ခင်ဗျ... မင်္ဂလာပွဲက ပျောက်သွားရတဲ့ အကြောင်းလေး သိချင်ပါတယ်.... ပြီးတော့ ဘေးနားက ရှောင်ကျန့်ဆိုတဲ့ အကိုလေးနဲ့ ဘယ်လိုဆက်ဆံရေး မျိုးပါလဲ သိချင်ပါတယ်...

I'm HERO ^•^ [UNICODE]Where stories live. Discover now