13. အဲ့ဒါ

848 93 0
                                    

ရိပေါ် ကုမ္ပဏီမပြန်တော့ဘဲ အခန်းထဲတွင်သာ ရှိနေသည်။ ရှောင်ကျန့်ကို ရင်ခွင်ထဲထည့်ထားရသည်ကို သဘောတွေ့နေပုံရသည်။ မလွှတ်ပေးသေး။ ရှောင်ကျန့်ကလည်း ရိပေါ်ရဲ့ necktieကို ဆော့နေသည်။

ရိပေါ်က သူ့လက်က နာရီကို ကြည့်လိုက်သည်။

- လုရီလာဖို့က ကြာဦးမှာ... ဘာလုပ်ချင်လဲ? ကုန်တိုက် သွားချင်လား?

ရှောင်ကျန့်က ခေါင်းခါပြီးနောက် ရိပေါ်ရဲ့ ရင်ခွင်ထဲက ထွက်သွားသည်။

- ကျွန်တော် TV ကြည့်နေမယ်...

ရိပေါ် အပေါ်ထပ်အားချွတ်ပြီးနောက် ရှေ့မှစားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ရှောင်ကျန့်က တစ်လိုင်းပြီးတစ်လိုင်း ပြောင်းနေသည်မို့ ရိပေါ်ရဲ့ အပြုအမူကို ဂရုမထားမိ။ အမြဲတမ်း သူချွတ်ထားခဲ့သည့် အဝတ်ကို ပြန်သိမ်းရိုးမရှိတဲ့ ရိပေါ်က သူပစ်တင်လိုက်သည့် အပေါ်ထပ်အား ချိတ်တွင်သွားချိတ်နေသည်။ ပြီးတော့ သဘောတကျပြုံးသွားသေးသည်။

ရိပေါ် အောက်ထပ်ဆင်းသွားချိန် ရှောင်ကျန့်က သတင်းထူးတစ်ပုဒ်အား ကြည့်နေသည်။ ဒါဟာ မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးအဖွဲ့နှင့် ရဲတွေကြားက အပစ်အခတ် တိုက်ပွဲတစ်ခု၏ ရလဒ်အကြောင်းဖြစ်သည်။

လူကုန်ကူးအဖွဲ့မှ ရာဇဝတ်သား 3 ဦးသေ 7 ဦးဒဏ်ရာရ 5ဦး လွှတ်မြောက်သွားကြောင်း၊ ရဲတပ်ဖွဲ့ ဘက်မှ အရာရှိ 2 ဦးသေဆုံး ရဲတပ်သား 3 ဦး ဒဏ်ရာရ ၊ ဖမ်းဆီးခံထားရသော အမျိုးသမီး 24ဦးနှင် ကလေးငယ် 52 ဦးအား ကယ်တင်နိုင်ကြောင်း သတင်းကြေညာသူမှ ကြေငြာနေလေသည်။

ရိပေါ် အခန်းထဲဝင်လာတော့ သတင်းအား စိတ်ဝင်တစား ကြည့်နေသည့် ရှောင်ကျန့်ဘေးတွင် ဝင်ထိုင်လိုက်သည်။  ရိပေါ် ထိုင်လာတော့ ရှောင်ကျန့်က ခေတ္တမျှကြည့်ပြီး တီဗီပြန်ကြည့်လေသည်။

သတင်းမှာ နောက်အကြောင်းအရာ ဖြစ်သွားပြီမို့ ရှောင်ကျန့် နောက်တစ်လိုင်းသို့ ပြန်ပြောင်းလိုက်သည်။

- အဲ့ လူကုန်ကူးကောင်တွေ အကုန်သေကုန်ရင် ကောင်းမှာဘဲ... သူလည်းလူကိုယ်လည်းလူ လူ လူချင်းကို ကုန်ပစ္စည်းလို သဘောထားတဲ့ကောင်တွေ... ရွံစရာကောင်းလိုက်တာ...

I'm HERO ^•^ [UNICODE]Where stories live. Discover now