17

1.3K 116 8
                                    

မနက်စာ စားရင်း စောင့်နေကြသည့် ရှောင်မိဘနှစ်ပါးဟာ အပေါ်ထပ်မှ ဆင်းလာသည့် နှစ်ယောက်ကြောင့် အမြင်ကတ်စွာ မျက်နှာများ ရှုံ့သွားကြသည်။

- ဟိုတစ်ယောက် အခွက်က သကြားပေါ်ပျားရည်လောင်းထားသလိုဘဲ... ငါတို့ သားဝမ်ကို ဘာကိစ္စ ပိုးလာခိုင်းရတာလဲ? သားဝမ် မင်းလည်းနော် အဲ့တစ်ယောက်ကို ကျပ်ကျပ်အလိုလိုက်နေ... ရှောင်ကျန့်ဆိုတဲ့ ဂြိုလ်သားမျိုးက အလိုလိုက်လို့ ကောင်းတဲ့အရာမဟုတ်ဘူး...

ရှောင်ကျန့်က ရိပေါ် ချပေးလိုက်သည်မို့ ထိုင်ခုံတွင် ထိုင်ကာ သူ့အား စကားနာထိုးနေသည့် မိခင်အား မျက်စိမှေး၍ ကြည့်နေသည်။ ရိပေါ်ကတော့ ပြုံးပြုံးလေး။ ရှောင်ကျန့်ကိုတောင် နွားနို့ခွက် ရှေ့တိုးပေးလိုက်ပါသေးသည်။

ရှောင်မားကတော့ ရှောင်ကျန့်ကို မျက်စောင်းထိုးကာ ရိပေါ်ရဲ့ ပန်းကန်ထဲသို့ ငှက်ပျောသီး ပန်ကိတ်တစ်ချပ်အား ထည့်ပေးပြီး

- သားဝမ် အဲ့အကောင်ကို လုံးဝအလိုမလိုက်နဲ့... အိညောင်ကွမ်းညောင် လုပ်လာတာနဲ့ တစ်ချက်လောက် ပိတ်တီးပေးလိုက်...

ရိပေါ်က နွားနို့တစ်ငုံသောက်ခါ ခွက်ကိုချလိုက်ပြီး

- ကျွန်တော် ရင်ကျိုးရမယ့်အဖြစ်မျိုးကို ရှောင်တယ်ဗျ...

- ခွီး ခွီး... ကိုကြီး ရော့စားကြည့်...

ရှောင်ကျန့်က စတော်ဘယ်ရီကိတ်လေးကို ရိပေါ် ပန်းကန်ထဲထည့်ပေးလိုက်သည်။ ပြီးတော့ သူလည်းတစ်ခုယူစားလိုက်သေးသည်။ ဝါးနေရင်း ပြုံးစိစိ ဖြစ်နေတဲ့ ရှောင်ကျန့်ကို ရှောင်မားက မျက်စောင်းထိုးပစ်သည်။ ဒီတစ်ခေါက်တွင်လည်း ဝမ်ရိပေါ်ပါ မျက်စောင်းစာမိလေသည်။

- အားမေ... ကလေးတွေ ကြားထဲ ဝင်မပါပါနဲ့ကွာ... သူတို့ အဆင်ပြေရင် လွှတ်ထားပေးလိုက်စမ်းပါ... ငကျန့် မင်း အခုထိုင်ရတာ အဆင်ပြေရဲ့လား? မပြေလည်း သားဝမ်ပေါင်ပေါ်သွားထိုင်ချည်...

- ဟမ်! ဘာကိစ္စ ကိုကြီးပေါင်ပေါ် ထိုင်ရမှာလဲ? ကျွန်တော် အဆင်ပြေပါတယ်...

- ပြေလည်း ပြီးတာဘဲ... ငါက မင်းလမ်းတောင် မလျှောက်နိုင်ဘဲ ပိုးလာရတယ်ဆိုတော့ တိုက်ပွဲအရှိန်က အရမ်း ဆိုးလို့များလားလို့...

I'm HERO ^•^ [UNICODE]Where stories live. Discover now