11. Gold card

860 102 0
                                    

ဝုန်းဒိုင်းကြဲကာ ရောက်လာသည့် ရိပေါ်ရဲ့ ရင်ခွင်ထဲ ရှောင်ကျန့်ပြေးဝင်လာသည်။

- ကိုကြီး... ဟင့်...

ရိပေါ်က ရင်ခွင်ထဲက ရှောင်ကျန့်ကို လက်နှစ်ဖက်ဖြင့် မျက်နှာအား ဆွဲယူမော့စေလိုက်သည်။

ရှောင်ကျန့်က ရီဖြဲဖြဲနှင့် မျက်လုံးတစ်ဖက် မှိတ်ပြသည်။

- ကိုကြီး ... အန်တီက ကျွန်တော့်ပါးကို ရိုက်တယ်... အန်တီရဲ့ တူမက နွားနို့နဲ့ ပက်တယ်... ဦးလေးက ကျွန်တော့်ကို အော်တယ်...

ရိပေါ်က ရှောင်ကျန့် ပါးပေါ် အုပ်ထားသည့် သူ့လက်အား ဖယ်ခွာကြည့်တော့ ညာဘက်ပါးဟာ နီရဲနေလေသည်။

ရိပေါ် ရှောင်ကျန့်က မျက်စိမှိတ်ပြလေတော့ တကယ်မဟုတ်ဘူး ထင်ခဲ့တာ။ ပါးပြင်က နီရဲနေလေတော့ ရပ်သွားသည့် ဒေါသက အားပင် ပိုကောင်းသွားလေခဲ့ပြီ။

- ခင်ဗျားတို့က ဘာအဆင့်ရှိလို့ ရှောင်ကျန့်ကို လုပ်ရဲရတာလဲ?

ဆိုဖာတွင်ထိုင်နေသည့် ဝမ်ရိုက မတ်တပ်ရပ်ကာ ရိပေါ်ကို အော်လာသည်။

- မင်း မိုက်ရိုင်း မလာနဲ့ ရိပေါ်!!! ငါတို့က မင်းအတွက် လုပ်ပေးနေတာ...

- ဟက်!!! လူကြားကောင်းအောင် လျှောက်မပြောနဲ့... ခင်ဗျား ကျွန်တော့်အတွက် လုပ်ပေးတာဆို ခုချက်ချင်း ခင်ဗျား မိန်းမရဲ့ ပါးကို ရိုက်ပေး... ဒါဆို ကျွန်တော် ယုံကြည်ပေးလိုက်မယ်...

- ရိပေါ် ... မင်းမလွန်လာနဲ့.... ငါ့မိန်းမက အဲ့ကောင်ကို ဆုံးမပေးနေတာ...

- အဲ့ကောင်? အဲ့ကောင် ဆိုတာ ဘယ်သူ့ကိုပြောတာလဲ?

ရိပေါ်ရဲ့ အသံက အတိ အေးစက်စက် ဖြစ်သွားလေသည်။ ရိပေါ်က ဝမ်ရိုရှေ့သို့ သွားလိုက်ပြီး ဆိုဖာတွင် ထိုင်နေသေးသည့် ချင်းယွဲ့နဲ့ ချင်းချန်ကို အေးစက်စွာ ကြည့်ပြန်သည်။

- ပြောပါဦး... ခင်ဗျားက ဘာကိစ္စ အဲ့ကောင်လို့ သုံးနှုန်းနိုင်ရတာလဲ? ခင်ဗျားမှာ အဲ့လို သုံးဖို့ ဘာအဆင့်ရှိနေလို့လဲ? ကျွန်တော့် ရှေ့မှာတောင် ဒီလိုပြောနေတာ... ကျွန်တော့်ကွယ်ရာဆို ဘယ်လောက်တောင် ဖြစ်ပျက်နေလိုက်မလဲ?

I'm HERO ^•^ [UNICODE]Where stories live. Discover now