16 ဗုဒ္ဓသားတော်

860 76 0
                                    

မုကျန်း အော်ဟစ်ပြောဆိုနေကြသည့် သားအမိနှစ်ယောက်ရဲ့ စကားများကို ကြားပြီးနောက် သူဒေါသထွက်ရသည်။ ယခုသူဟာ ဘယ်တော့မှ မထိဘူးဟု စီစဉ်ထားသည့် မိသားစုကို ဖျက်ဆီးပစ်ဖို့ လုပ်ငန်းစလိုက်ပြီဖြစ်သည်။

- ကျွန်တော့်ကို အပြစ်မတင်နဲ့တော့... အခုကစပြီး ခင်ဗျားတို့ ခံစားရမယ့် ဒုက္ခတွေ အားလုံးက ခင်ဗျားတို့ ဖိတ်ခေါ်လိုက်တာချည်းဘဲ....

စားပွဲပေါ်က တန်ဖိုးကြီး ဝိုင်ပုလင်းအား မုကျန်း မှောက်ချလိုက်တော့သည်။

- ကျန့်ကျန့်က ကျွန်တော့်အပိုင်... ခင်ဗျားတို့ လုပ်ငန်းတိုင်းက ကျွန်တော့်အပိုင် ဖြစ်ရမှာ... ဘယ်ချောင်ကနေ ထွက်လာမှန်းမသိတဲ့ကောင်က ကျွန်တော့်အပိုင်တွေကို လုယူနေတာကို ခင်ဗျားတို့က မတားဘူးပေါ့... ကျွန်တော်ရအောင် ပြန်ယူပြမယ်...

××××

ရှောင်အိမ်တော် ညနေစာထမင်းဝိုင်းတွင် ရှောင်ကျန့်က ကုတ်ကုတ်လေးရှိနေကာ နားရွက်များဟာလည်း နီနေသေးသည်။ ရိပေါ်ကတော့ တောက်တောက်ပပကို ပြုံးနေသည်။

ရှောင်မားက ရှောင်ပါး ပန်းကန်ထဲ ဝက်သားနှပ်ထည့်ပေးပြီးနောက် ရိပေါ်ရဲ့ ပန်းကန်ထဲ ဘဲပေါင်ပေါင်းကို ထည့်ပေးသည်။ ရှောင်ကျန့်က ဘာလာလာဒေါင်းတာမို့ အရံဟင်းဖြစ်သည့် မုန်ညင်းဖြူကြော်ကို ထည့်ပေးလိုက်သည်။

- ဟဲ့! ကျန့်ကျန့် ကုတ်စိစိနဲ့ ဘာဖြစ်နေတာလဲ? ဒီဇင်ဘာလမဟုတ် ဘာမဟုတ်နဲ့ လည်ပင်းပိတ်အင်္ကျီကြီးနဲ့ ဖျားနေတာလား?

- မား!!! ဘဝကြီးကလည်း ဆိုးလိုက်တာ... ရှက်တာတောင် ကောင်းကောင်း မရှက်ရဘူး...အနှောင့်အယှက် အဖျက်အမှောက်နဲ့! ဘဝကြီးက မသာယာလိုက်တာ...

ရှောင်ကျန့်က ထမင်းကို ဆူပုတ်စွာ စားလိုက်ပြီး လူစေ့အား မကျေမနပ် ကြည့်ပေးလိုက်သည်။ ရိပေါ်ကတော့ ပြုံးပြုံးဘဲ။ သူ့ပန်းကန်ထဲက ဘဲပေါင်ကိုတောင် ဖဲ့ပြီး ရှောင်ကျန့် ပန်းကန်ထဲ ထည့်ပေးလိုက်သေးသည်။

- အမယ်လေးနော် အနောက်ရပ်က နေထွက်ကုန်တော့မှာဘဲ... အမောင်ရှောင်ကျန့်က ရှက်နေတယ်တဲ့... အရှက်မဲ့နေတာ ကြာပြီဖြစ်တဲ့ ကောင်လေး ရှောင်ကျန့်ရေ ဘာကိစ္စရှက်နေရတာလဲ? ဒီကမားကိုလည်း ဝေမျှလိုက်ပါဦး...

I'm HERO ^•^ [UNICODE]Where stories live. Discover now