1st

4.9K 250 35
                                    

[UNICODE]



“ ခွေးကောင် နီရှီမူရာ ”

ဆဲရေးတိုင်းထွာလိုက်ပြီး ပီကေဆက်ဝါးနေလိုက်သည် ။

ဂျပန်ကောင် နီရှီမူရာက သူ့ရဲ့ လောလောလတ်လတ်ပြတ်ထားတဲ့ ရည်းစားဟောင်း တစ်ဖြစ်လဲ သူငယ်ချင်း......

အစတည်းက သူငယ်ချင်းပင်....
ခင်လာတာ သုံးနှစ်တောင်ရှိပြီ ။ အဲ့မှာ လွန်ခဲ့တဲ့ တစ်ပတ်က နီခီက ငါနဲ့ တွဲမလား ဆိုပြီး ရုတ်တရက် လာပြောလေသည် ။

ကြည့်ရတာ သူ့ကောင်မလေးနဲ့ ပြတ်ထားတယ် ဖြစ်မယ်.....
ဘယ်တော့မှ ရည်းစားဟူသည် တည်တည်ငြိမ်ငြိမ်မရှိပဲ တစ်ယောက်ပြီး တစ်ယောက်ထားနေတဲ့ သူ့သူငယ်ချင်းပင်......

သူလဲ တူတူပါပဲ....ဒါပေမဲ့ သူက ထူးခြားတယ် ၊ ယောက်ျားလေးတွေ သက်သက်နဲ့ပဲ တွဲတာ....ရှင်းရှင်းပြောရရင် gay ပေါ့ ။

သူ့ဘ၀က ပြောရမယ်ဆိုရင်ဖြင့် ပြည့်စုံတယ်.....လိုတာနဲ့ ချက်ချင်းရတဲ့ ဘ၀မျိုး.....
အမေက ဆရာ၀န်တစ်ယောက်ဖြစ်ပြီး အဖေက ဒီတိုင်း အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်လို့ပဲ မှတ်ထားလိုက်ကြ....အသက်က 18 နှစ်....အထက်တန်းပြီးပြီ....

ဆက်ပြောရအောင်.....နီခီက အဲ့လိုပြောလာတုန်း သူကလဲ သူ့ကောင်လေးနဲ့ ပူပူနွေးနွေး ပြတ်ဆဲထားတဲ့ သူဆိုတော့ ဒီအတိုင်း လာပြောတာကို လက်ခံလိုက်သည် ။
စိတ်က ရည်းစားမှ မရှိရင် မနေနိုင်တာကို.....
ဟိုကောင်ကလဲ သူ ယောက်ျားလေးနဲ့ တစ်ခါမှ မထားဘူးလို့ ထားကြည့်ချင်တာလို့ ပြောတာကြောင့် လက်ခံလိုက်သည် ။

အဲ့ကောင်နဲ့ တွဲတာတွဲနေရတာ ဘာခံစားချက်မှ ထူးထူးထည်ထည်မရှိတော့ ပုံမှန် သူငယ်ချင်း ဆက်ဆံရေးကိုမှ relationship ဆိုတဲ့ နာမည်လေး ကောက်တပ်ထားလိုက်ရုံပါပဲ ။ အပေါ်ယံ ကာရန်ထားတဲ့ ခေါင်းစဉ်လေးပေါ့.......

သူ့ဘက်ကချည်း စဖြတ်ခဲ့တာဆိုပေမဲ့ အခုအဲ့ကောင်က သူ့ကို အရင်ဦးအောင် ဖြတ်သွားလို့ ဒေါသထွက်နေတာ.....

“ ငါ့ကို လာကြောသွားတယ် ဂျပန်ကောင် ”

စိတ်တိုတိုနဲ့ ကားပတ်မောင်းနေပေမဲ့ ခမ်းနားတဲ့ ရောမမြို့က သူ့ကို ပင့်သက်အံ့ဩစေသည် ။

𝐋 𝐎 𝐕(𝐒) 𝐄 𝐑  ||  젴승Where stories live. Discover now