11th

1.4K 213 29
                                    

[UNICODE]

“ အာ ”

မနေ့ညက အဖြစ်အပျက်တွေ ခေါင်းထဲ တရိပ်ရိပ်ပေါ်လာတာနဲ့အမျှ မျက်လုံးကို ဖိပွတ်ရင်း ညည်းညူလိုက်မိသည် ။

“ ကျစ် ဘာတွေပြောလိုက်မိတာလဲ ”

နာရီကို ကြည့်လိုက်တော့ 9 နာရီကျော်...

စိတ်က အတန်ငယ် မကြည်မလင်ဖြစ်နေတာကြောင့် စောင်ကိုကန်ထုတ်ရင်း ထလာလိုက်သည် ။

ရေချိုးလိုက်ပေမဲ့ လန်းဆန်းသွားတဲ့ အချက်ကလွဲရင် စိတ်က နောက်နေဆဲ....

ပိတ်ရက်မို့ ကိုယ့်ကိုကိုယ် အနားပေးပြီး စိတ်လန်းဆန်းအောင် ပြန်လုပ်ဖို့ လမ်းလျောက်ထွက်ရန် Hoodie တစ်ထည်ကို ကောက်စွပ်ရင်း အောက်ဆင်းလာလိုက်သည် ။

လှေကားပေါ်က ဆင်းလာရင်း အောက်ထပ်ကို ဝေ့ဝဲကြည့်လိုက်တော့ ပုံမှန်နဲ့မတူပဲ တိတ်ဆိတ်နေတဲ့ အောက်ထပ်....
တစ်စုံတစ်ယောက် မထသေးတာက သူ့ကို မျက်မှောင်ကြုံ့စေသည် ။
အခုနောက်ပိုင်း အမြဲ သူ့ထက် ကြိုထနှင့်ပြီး မနက်စာအတွက် တစ်ခုခုပြင်ထားပေးတဲ့ သူ...

မနက်တိုင်း မျက်လုံးမှိတ်တဲ့ထိ ပြုံးပြရင်း ‘မောနင်း လူကြီး’ လို့ပြောတတ်တဲ့ သူ...

အဲ့ကောင်လေးမရှိတာက ဘာမှန်းမသိပေမဲ့ သူ့ရင်ထဲ တစ်စုံတစ်ခု လစ်ဟာသွားသလို...။

အဲ့အရာကို အသားကျနေပြီး မျှော်လင့်နေမိတဲ့ သူ့မသိစိတ်ကို ပြန်ဖမ်းမိချိန်မှာ ခေါင်းကို ခါရမ်းရင်း သက်ပြင်းချလိုက်မိသည် ။

အဲ့လိုဖြစ်လို့မှ မရတာ...

ကောင်လေးရှိနေမယ့် သူ့စာကြည့်ခန်းက ပိတ်ထားတဲ့ တံခါးကို အပြင်မထွက်ခင် လှမ်းကြည့်လိုက်မိသည် ။

/
/
/


“ အရသာရှိရှိ သုံးဆောင်ပါ ”

စားပွဲပေါ် လာချသော အငွေ့တစ်ထောင်းထောင်းနဲ့ kalguksu ကို ကြည့်ပြီး ဟိုကောင်လေးလဲ ကြိုက်လောက်မှာဆိုတဲ့ အတွေးက ဖြတ်ခနဲ ၀င်လာသည် ။

“ အဒေါ် kalguksu နောက်တစ်ပွဲ ပါဆယ်ထုတ်ပေးပါ ”

“ Nae ”

𝐋 𝐎 𝐕(𝐒) 𝐄 𝐑  ||  젴승Where stories live. Discover now