2nd

1.5K 215 57
                                    

[UNICODE]



Screen ပေါ်မှာ ထင်းနေသည့် contact ကို ထိုင်ကြည့်နေတာ  မိနစ် သုံးဆယ် လောက်ရှိတော့မည် ။

ကြောက်ပြီး တွေဝေနေတာ မင်း style မဟုတ်ဘူးလေ ဂျိတ်ခ်ရာ......

ပါးစပ်ကနေ လေပူတွေကို မှုတ်ထုတ်လိုက်ပြီး ဆံ‌ပင်တွေကို ဆွဲဖွလိုက်မိတော့ ဆံပင်ကျေကောက်ကောက်များက ဖွာခနဲ......

ဒီ message လေးတစ်ခု စပို့ဖို့ကို ဘာတွေက ခက်ခဲနေတာလဲ.....

နောက်ဆုံးတော့ သူ့ကို တွန့်ဆုတ်စေတဲ့ အတွေးတွေကို ခေါင်းထဲထုတ်လိုက်ပြီး လက်ကို ဖုန်းစခရင်မ်ပေါ်မှာ လျင်မြန်စွာ ရွေ့လျားမိသည် ။


- Hi! လူကြီး

Sent ဖြစ်သွားတဲ့ သင်္ကေတ ပေါ်လာတော့ စိတ်လှုပ်ရှားမိသည် ။

ဘာလို့ အဲ့လို ဖြစ်နေတာလဲ သူ့ကိုယ်သူလဲ မသိ.....
အရင်ကဆို တွဲရအောင်လို့ ပြောလိုက်တာနဲ့ လက်ခံတဲ့ ပေါပေါပဲပဲကောင်တွေနဲ့ ခြားနားစွာ လူကြီးက ထူးခြားမှန်း သူသိလေသည် ။ သေချာပေါက် ခက်မည့် ပုံမျိုး.....
ပြီးတော့ တည်ကြည်တဲ့ ပုံစံက သူ့ကို ထူးထူးခြားခြား ရှိန်တာမျိုး ဖြစ်စေသည် ။

အရင်ကဒီလို ချဉ်းကပ်ပြီး ဖြေးဖြေးချင်းစတာက သူ့ပုံစံမဟုတ်ပါ ။ သူက အဲ့လောက် စိတ်ရှည်တဲ့ ပုံစံမျိုးမဟုတ်ဘူး......ဒါပေမဲ့......

မိနစ်အနည်းငယ်ကြာပြီးနောက်မှာ *တောင်* ဆိုတဲ့ အသံကြောင့် ‌မျက်စိတွေက အလျင်အမြန်ပင် ဖုန်းမျက်နှာပြင်ပေါ်သို့ ပြန်ရောက်သွားလေသည် ။

- ??

ဟမ်?? ဒါပဲလား... question mark နှစ်ခုပဲ ပြန်ပို့တယ်ပေါ့လေ.....

အသံထွက်ပြီး ရယ်လိုက်မိသည် ။ သူ့ကို တကယ်မမှတ်မိတာလား? ဟုတ်ရင်လဲ ဟုတ်မှာပေါ့ အခုမှ မြင်ဖူးတဲ့ ဖုန်းနံပါတ်ဆိုတော့.....
ဒါပေမဲ့ လူကြီးလို့ခေါ်တာ သူရှိတယ်ဆိုတာ မမှတ်မိတာလား

- ကျွန်တော် ရှင်းမ်ဂျိတ်ခ်ပါ

ဒီတစ်ခါတော့ ဆယ်စက္ကန့်အတွင်း ရီပလိုင်း ပြန်လာလေသည် ။

- အာ...မနက်က ကောင်လေး

- မနက်ဖြန် အားလား လူကြီး

𝐋 𝐎 𝐕(𝐒) 𝐄 𝐑  ||  젴승Where stories live. Discover now