14th

1.4K 196 119
                                    

[UNICODE]


* ခွမ်း *

ရုတ်တရက် ဖြစ်သွားတဲ့ အဖြစ်အပျက်တွေအပေါ် သူ လိုက်မမှီ...

ခေါင်းကိုဖိပြီး လဲကျနေတဲ့ ဂျယ်ဟာကိုခွကာ အပေါ်က တရစပ် ထိုးနေတာက လူကြီး....

သူ့ဂျယ်ယွန်းကို လာထိတယ်ပေါ့ ။ လာနမ်းဖို့ လုပ်တယ်ပေါ့ ။
နီခီက ဖုန်းဆက်ခေါ်လို့ ကောင်လေးကို ပြန်ကြိုဖို့ လာရင်း မြင်လိုက်ရတဲ့ မြင်ကွင်းက ဟီဆွန်းကို သွေးဆူစေသည် ။

ဘယ်အရာက တွန်းအားပေးမှန်း မသိပေမဲ့ ကိုယ်ကိုယ်တိုင်‌တောင် ထပ်မသိလိုက်ပဲ ဝိုင်ပုလင်းတစ်ခုကိုယူဆွဲရင်း ခေါင်းကိုရိုက်ချမိတော့တာ ။

“ ဦး! တော်တော့ ကျွန်တော့်ကို ကြည့်
ဘာမှမဖြစ်ဘူး စိတ်ထိန်း ”

ဆက်တိုက်ထိုးနေမိတာ အသံခပ်ဩဩလေးက နားထဲ၀င်လာမှ အသိစိတ်ပြန်၀င်မိသည် ။

မျက်နှာရှုံ့မဲ့ကာ ညီးညူနေ‌သော အောက်က ကောင်ကို ခပ်စူးစူးတစ်ချက်သာ စိုက်ကြည့်ပြီး ဂျယ်ယွန်းလက်ကိုဆွဲရင်း အပြင်ထွက်လာလိုက်သည် ။

(ကိုယ် ပြောမယ်နော် ဂျယ်ဟာက ယောင်္ကျားလေးနော်
အစတည်းက ဂျယ်ယွန်းက ယောင်္ကျားလေးတွေနဲ့ပဲ တွဲကြောင်း အပိုင်း တစ်မှာ ထည့်ထားပေးတယ်
တစ်ချို့ မိန်းကလေးထင်နေကြတာ တွေ့လို့ >< )


/
/

အံကြိတ်ထားပုံရတာကြောင့် ပုံမှန်ထက် တင်းနေတဲ့ မေးရိုး...
အေးစက်စက် အဲကွန်းငွေ့ထက် ပိုအေးစက်နေတဲ့ အခြေအနေကြောင့် ဂျယ်ယွန်း စကားတစ်လုံးမှ မဟဖြစ် ။

ကားမောင်းနေရင်း သက်ပြင်းချသံတစ်ချက်တစ်ချက်က ကျယ်လောင်စွာ...

နီရဲနေသော လက်ဆစ်တွေက သွေးစို့နေတာမြင်ရတော့ ဂျယ်ယွန်း အိမ်ရောက်မှ သေချာဆေးထည့်ပေးမယ်လို့ တေးထားလိုက်သည် ။

တစ်ချိန်တည်းမှာပဲ ဂျယ်ယွန်း အတွေးများရပြန်တယ် ။

လူကြီးလက်နာသွားတာ စိတ်မကောင်းပေမဲ့ ပျော်နေမိတာ...
အဲ့လိုချလိုက်တာ သ၀န်တိုခြင်းဆိုတဲ့ အရာမည်တယ်မလား။
အဓိကအရာက လူကြီးသူ့ကို ချစ်နေပြီလား ။
အီဟီဆွန်းက ရှင်းမ်ဂျယ်ယွန်းကို ချစ်နေပြီလား ။

𝐋 𝐎 𝐕(𝐒) 𝐄 𝐑  ||  젴승Where stories live. Discover now