15th

2K 213 103
                                    

[UNICODE]



“ ဂျယ်ယွန်း ”

“ ဗျာ ”

ထမင်းကို တို့ကနန်း ဆိတ်ကနန်းသာ စားနေတဲ့ ကောင်လေးကို လှမ်းခေါ်လိုက်တော့ မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာတဲ့ ကောင်လေး ။

“ ပြောစရာရှိတယ်မလား ပြောလေ ”

တူနဲ့ဇွန်းကို ထမင်းပန်းကန်ဘေး ပြန်ချလိုက်ရင်း ခေါင်းငုံ့ကာ တွေးတောနေဟန်ရှိတဲ့ ဂျယ်ယွန်းကို လက်ပိုက်ပြီး သေချာကြည့်နေလိုက်သည် ။

“ လူကြီး...ဟင်း
ဘာမှမဟုတ်တော့ဘူးဗျာ ”

စိတ်မရှည်စွာ ထွက်လာတဲ့ သက်ပြင်းချသံအဆုံး ထမင်းစားခန်းထဲက ထထွက်သွားတဲ့ ကောင်လေးကို ဟီဆွန်း ကြောင်ကြည့်နေမိလျက်...

“ ဘာဖြစ်သွားတာလဲ ”

ခုနကထိတောင် အဆင်ပြေနေသေးတယ် မဟုတ်ဘူးလား ။
အဲ့ဒီ ခေါင်းလုံးလုံးလေးနဲ့ ဘာတွေစဉ်းစားနေလဲဆိုတာ တစ်ခါတစ်လေတော့ သူသိချင်မိသား ။

.

ပန်းကန်ထဲက စားကြွင်းစားကျန်တွေကို အိတ်တစ်ခုထဲထည့်ရင်း အမှိုက်ပုံးထဲ ထည့်လိုက်သည် ။
ကိုယ်ရော ဂျယ်ယွန်းရော သိပ်မစားဖြစ်တာကြောင့် ပိုကျန်နေတဲ့ အစားအသောက်တွေက အများအပြား ။

ပန်းကန်‌တွေဆေးနေရင်း ရုတ်တရက်ခေါင်းထဲ ၀င်လာတဲ့အတွေးက ပိုးဟပ်ဖြစ်နေတာကြောင့် ဟီဆွန်း ပြုံးလိုက်မိသည် ။

အတွေးရဲ့အစက ပိုးဟပ်ဖြစ်ပေမဲ့ ပြံုးတာက‌ ပိုးဟပ်ကြောင့် မဟုတ်တာတော့ သေချာပါတယ် ။
အေပရွှန်ကြီး ၀တ်ပြီး သူ့အပေါ် ခုန်တက်လာတဲ့ ဆယ့်ကိုးနှစ်သားလေးကို ပြန်တွေးမိသွားလို့သာ ။

ဂျစ်တတ်တဲ့ပုံစံ အရွဲ့တိုက်တတ်တဲ့ ပုံစံနဲ့ ခြားနားစွာ ဒီကောင်လေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးက သူ့ခေါင်းထဲမှာ ခနခနနေရာယူတော့မယ် ထင်ပါရဲ့ ။
ထိုပံုရိပ်‌တွေကို မောင်းထုတ်လို့မရတော့လဲ အခက်သားပါပဲ ။

*♪♪♪♪*

စားပွဲပေါ် ချထားတဲ့ ဖုန်းမှ အသံမြည်လာတာ‌ကြောင့် ဟီဆွန်းရဲ့ အတွေးစတွေ ပြတ်တောက်သွားတော့တယ် ။

𝐋 𝐎 𝐕(𝐒) 𝐄 𝐑  ||  젴승Where stories live. Discover now