The end

2K 165 16
                                    

[UNICODE]

Rome, Italy

ခမ်းနားသော ရောမမြို့ကြီးဟာ လွမ်းဆွေးဖွယ်ကောင်းနေသလို...
အဝါရင့်ရောင် တိုက်တွေက နှလုံးသား အောက်ခြေကို တိုက်စားလျက် ။

တော်ဝင်ဆန်မှုတွေ သမိုင်းဝင်နေရာတွေက မျက်စိတစ်ဝိုက် ဝန်းရံနေသည် ။

ဂျယ်ယွန်း ရောမမြို့က လမ်းမထက်က platform တစ်ခုပေါ်မှာ ပျင်းရိစွာ လမ်းလျှောက်နေသည် ။

တစ်လကျော်နီးပါး အိပ်ရေးပျက်ထားတာကြောင့် မျက်ကွင်းတို့ ညိုနေသည် ။
အုံ့မှိုင်းနေသော တိမ်တိုက်သဖွယ် ဖြစ်တည်နေသော မျက်လုံး အညိုရင့်ရောင်တို့က မကြာခင် ထပ်ပြိုကျတော့မည့် တိမ်သားထုလေးလို။

တောက်တောက်ပြောင်ပြောင် မဖြစ်နေသော်ငြား ဆံပင်သပ်တင်မိ‌သောအခါ လည်တစ်ပြန် ငေးကြည့်သော ‌မိန်းမပျိုလေးများသည် လမ်းတစ်လျှောက် အပြည့်အနှက် ။

ဘဝက အဓိပ္ပာယ်မဲ့လွန်းသည်ဟု ဂျယ်ယွန်းတွေးမိသည် ။
ထိုလူ သူ့ဘဝထဲ မဝင်လာခင်ကတည်းက အဓိပ္ပာယ်မဲ့နေခဲ့ပေမဲ့ ထိုလူ သူ့ဘဝထဲ‌ရပ်နားနေစဉ်မှာတော့ ဘဝက ပျော်ရွှင်စရာကောင်းသည်ဟု ဂျယ်ယွန်း တွေးထင်ခဲ့မိသည်မှာ ဧကန် ။
အခုတော့ဖြင့် ပို၍ပင် အဓိပ္ပာယ်မဲ့သွားခဲ့သည် ။ ဗလာသက်သက် ဘဝတစ်ခု....

ချစ်ခြင်းဟူသော စိတ္တဇ နာမ်စားတစ်ခုက အဲ့လောက်ထိတောင် စွမ်းအားကြီးသည်လား?
ဤအခြေအနေထိ ဖြစ်အောင် ၊အင်အားဆုတ်ယုတ်သွားအောင် စွမ်းဆောင်နိုင်သည်လား ။

မပိုင်လိုက်ရပဲနဲ့ ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်က နှလုံးသားကို တဆစ်ဆစ်ကိုက်ခဲစေသည် ။
ထပ်တူမကျတဲ့ ချစ်ခြင်းတစ်ခုက ဝမ်းနည်းဖို့ သိပ်ကောင်းလွန်းတယ် ။

ထွက်ပြေးခဲ့သူနဲ့ ကျန်ခဲ့တဲ့သူ ဘယ်သူပိုနာကျင်မလဲ သူမတွေးတတ် ။ သေချာတာကတော့ သူသေမတတ်နာကျင်နေရသည် ။
ထိုလူရော...နာကျင်နေမလား ၊ ပျော်ရွှင်နေမလား
သူမစဉ်းစားချင် ၊၊
ခံစားချက်တို့သည် မှုန်မှိုင်းနေလျက် ၊
ဦးနှောက်တို့သည် ထုံထှိုင်းနေလျက် ။ ကြည်လင်နေသော ကောင်းကင်ပြာကပင် သူ့အတွက် တိမ်ထူနေသလို ။

𝐋 𝐎 𝐕(𝐒) 𝐄 𝐑  ||  젴승Where stories live. Discover now