3rd

1.3K 203 24
                                    

[UNICODE]







အပြာရောင်မီးမှိန်မှိန်လေးပဲ ဖွင့်ထားပြီး အိပ်ယာပေါ်လှဲကာ စဉ်းစားနေမိသည် ။
ဘာအကြောင်းပြချက်ပြပြီး မနက်ဖြန် သွားတွေ့ရမလဲ ဆိုတာ....

*ဦးနှောက်နဲ့ အာရုံကြော ဆရာ၀န်ကို ဘာအကြောင်းပြချက်နဲ့ သွားတွေ့ရမလဲ စဉ်းစားစမ်း.....စဉ်းစားစမ်း....*

“ အား ခေါင်းရှုပ်လိုက်တာ ”

ဘာအကြံဉာဏ်မှ မထွက်လာ၍ စိတ်တိုလာတာကြောင့် ခြုံထားတဲ့ စောင်တွေကို ခြေထောက်နဲ့ ကန်ထည့်လိုက်သည် ။

* ဒီတိုင်းပဲ သွားတွေ့လိုက်တော့မယ်... ဘာလို့လာတွေ့တာလဲ မေးရင် ခင်ဗျားကို လာချောင်းတာ လို့ ပြောလိုက်မယ်....အေးရော အဲ့မှာ *

သက်ပြင်းချပြီး ခေါင်းအုံးကို မျက်နှာပေါ် ဖိထားလိုက်သည် ။

ရုတ်တရက် မြည်လာသော ဖုန်းသံကြောင့် လူကြီးများလား ဆိုပြီး ခေါင်းအုံးကို ပစ်ထုတ်လိုက်ပြီးမှ ဖုန်းပေါ်မှာ ပေါ်နေတဲ့ နာမည်ကြောင့် နှာခေါင်းရှုံ့လိုက်သည် ။

အေးပေါ့....လူကြီးက ငါ့ကို ဒီအချိန်ကြီး ဖုန်းဆက်ပြီး ဘာပြောရမှာလဲ

ဖုန်းကိုကိုင်ပြီး နားနားကပ်လိုက်တော့ “ အချစ်လေး သဲလေး ဂျယ်ယွန်းလေး!!! ” ဆိုတဲ့ ခေါ်သံကြီးက နားထဲစူး၀င်လာသည် ။

“ ချီးကို အချစ်လေး သဲလေးလား ”

“ စိတ်ကောက်နေတုန်းပဲလား ဂျယ်ယွန်းရာ ”

နှာသံနဲ့ ချွဲပြီး ပြောလာတဲ့ နီခီ.....

“ စိတ်ကောက်ရအောင် မင်းက ငါ့ရည်းစားလား
သက်သက် ငါ့ကို အရင်ဖြတ်သွားလို့ တင်းနေတာ ”

“ ဟီးဟီး...မီယန်း ”

“ ဒါပဲမလား ငါအိပ်တော့မယ် ”

အိပ်ရေးမ၀ရင် မျက်လုံးတွေ ချိုင့်နေမှာ စိုးတာကြောင့် မြန်မြန်ဖုန်းချဖို့ ပြောလိုက်သည် ။ အရင်က နောက်ကျမှ အိပ်တတ်ပေမဲ့ အခုက လူကြီးရဲ့ မျက်လုံးထဲမှာ ချစ်ဖို့ကောင်းနေအောင်လို့ ကိုယ့်ကိုကိုယ် အရင်ကထက် ပိုဂရုစိုက်‌နေလျက်.....

𝐋 𝐎 𝐕(𝐒) 𝐄 𝐑  ||  젴승Where stories live. Discover now