12th

1.4K 201 33
                                    

[UNICODE]




“ နိုးပြီလား ခန ဆရာ၀န်သွားခေါ်ပေးမယ် ”

နီခီ့လက်ကို လှမ်းဆွဲလိုက်သည် ။

“ သူရော ”

“ မသိဘူး အရူး‌ေကာင်ရဲ့ ဖယ် မင်းအဖေကို သွားသတင်းပို့ရမယ် ”

ဆရာ၀န်ခေါ်ဖို့ ပြေးထွက်သွားတဲ့ နီခီ မြင်ကွင်းထဲက ပျောက်သွားမှ သက်ပြင်းချမိသည် ။

ဘာလို့မရှိနေရတာလဲ ခင်ဗျားရယ်...




/
/
/


ဟီဆွန်း အခန်းတံခါး၀နားမှာ ရပ်နေမိတာ တစ်နာရီကျော်...
သူ၀င်သွားသင့်လား...
ဟိုကောင်လေးက သူ့ကို မျှော်နေတာ အသိအသာပင် ။

၀င်ပြီးသွားရင်ရော...ပုံမှန်အတိုင်း ဆက်ဆံရမှာလား
ဒါမှမဟုတ် ခပ်တန်းတန်းပဲ ဆက်ဆံသင့်လား ။

ဟီဆွန်း သက်ပြင်းချလိုက်မိပြန်တယ် ။
သူအခွင့်အရေးပေးလိုက်သင့်လား ။

ကိုယ်သာ နောက်ဆုံးထိ သတ္တိမရှိခဲ့ရင် နာကျင်ရမှာက မင်းပဲ ဂျယ်ယွန်းရ...


“ မ၀င်ပဲ ဘာလုပ်နေတာလဲ ”

အနောက်က ထွက်လာတဲ့ နီခီ့အသံကြောင့် လှည့်ကြည့်မိလိုက်သည် ။

“ ကိုယ်...”

“ ရော့ မရပ်နေနဲ့ ဆန်ပြုတ်သွားကျွေးလိုက် ”

ကိုင်ထားတဲ့ ဆန်ပြုတ်နဲ့ ဟင်းအမယ်တွေ ထည့်ထားတဲ့ ‌ဗန်းကို သူ့လက်ထဲ ထိုးထည့်လာသည် ။
ငြင်းဆန်ဖို့ အချိန်ရှာမတွေ့နိုင်ခင်ပဲ အခန်းထဲကို သူရောက်နှင့်ပြီးပြီ ။


သူ့ကို ကြည့်နေတဲ့ ဂျယ်ယွန်းမျက်လုံးတွေက အံ့ဩမှုနဲ့စပြီး လွမ်းဆွတ်ခြင်းနဲ့ အဆုံးသတ်သည် ။

မျက်လုံးကို အောက်ဘက်သို့ပို့ရင်း ချောင်းဟမ့်လိုက်သည် ။

ဆန်ပြုတ်ပန်းကန်ကို ကုတင်ဘေးက စားပွဲပေါ်ချခြင်း ၊ ဆန်ပြုတ်ကို အပူလျော့အောင် လေမှုတ်ပေးသည့်တိုင် စကားတစ်ခွန်းမှ မပြောပဲ ဂျယ်ယွန်းက သူ့ကိုစိုက်ကြည့်နေတုန်း...။

“ အာ~~ ”

ပါးစပ်ဟပေးလာတော့ ဆန်ပြုတ်ကို ဖွဖွလေး ထည့်ပေးရင်း မေးမိသည် ။

𝐋 𝐎 𝐕(𝐒) 𝐄 𝐑  ||  젴승Where stories live. Discover now