7th

1.2K 202 38
                                    

[UNICODE]


“ ဂျိတ်ခ် ငါ မျက်စိနောက်တယ်ဟ ထိုင်နေစမ်းပါ ”

ဂျိတ်ခ်တစ်ယောက် သူ့တိုက်ခန်းကို ပြန်ရောက်ကတည်းက ထိုင်လိုက် ထလိုက်နဲ့ လမ်းလျောက်နေတာ အခုချိန်ထိပင်....
ကြာလာတော့ မျက်စိနောက်လာတာ သူမလွန်ဘူးမလား ။
ဟိုအိမ်က ထွက်လာတာ တစ်နာရီလောက်ပဲရှိသေးတာကို...

“ အင်း ”

တစ်လုံးပဲ ပြန်ဖြေပြီး အညိုရင့်ရောင် ဆိုဖာပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သော သကောင့်သားကြောင့် နီခီ မျက်လုံးပြူးပြီး အံ့ဩသွားရသည် ။

What the hack....

အရင်ကဆို “ ဒါငါ့တိုက်ခန်းလေ ငါထိုင်ချင်ရင်ထိုင်မယ် ထချင်ရင်ထမယ် မမြင်ချင်ရင် မျက်စိပိတ်ထား ”
လြိ့ ပြန်ပြောတတ်တဲ့ ရှင်းမ်ဂျယ်ယွန်းက သူ့စကားကို နား‌ထောင်နေတယ်တဲ့လား....

“ ဂျိတ်ခ် ဘာဖြစ်နေတာလဲ ”

“ ပြန်ရင် ကောင်းမလား
လူကြီးစိတ်ဆိုးသွားတယ် ထင်တယ် ”

မေးလိုက်တာက တခြား ဖြေတာက တခြား....

“ စိတ်ဆိုးရအောင် သူနဲ့မင်းက ဘာဆိုင်လို့လဲ ”

“ ဟုတ်သားပဲ ဘာမှမှမဆိုင်သေးတာ ”

မပြောသင့်တဲ့ စကားမှန်း သိပေမဲ့ လွတ်ခနဲ ထွက်သွားတတ်တဲ့ ကိုယ့်ပါးစပ်ကိုယ် မနိုင်ပါ ။ သူ့သူငယ်ချင်း မျက်နှာညိုးသွားတော့လဲ သနားမိပြန်တယ် ။
ရှင်းမ်ဂျယ်ယွန်းက အချစ်ကြောင့် ခံစားဖူးတဲ့သူမဟုတ်သလို အဲ့လိုခံစားနေရမယ့် ပုံစံမဟုတ်တာကြောင့် နည်းနည်းတော့ မကျေမနပ်ဖြစ်မိတယ် ။
ရှင်းမ်ဂျယ်ယွန်းရဲ့ ယုံကြည်ချက်တွေက ဘယ်ပျောက်သွားတာလဲ...
သူသိခဲ့တဲ့ သူ့သူငယ်ချင်းက ဒီလိုမှိုင်နေတဲ့ သူမှ မဟုတ်တာ....။

“ အဲ့တော့ မင်းဘာလုပ်ချင်လဲ ”

“ လူကြီးငါ့ကို စိတ်ဆိုးသွားတာလား
ခုနက ဘာလို့ ငါ့ဘက်ကို လှည့်တောင် မကြည့်တာလဲ
ဒါမှမဟုတ် လျောက်လည်တာကို မကြိုက်လို့များလား ”

“ ဟူး ရောဂါကျွမ်းနေတာပဲ အီဟီဆွန်းရောဂါ ”

“ နီခီ မင်းထက် အသက်ကြီးတယ် မလေးမစား နာမည်ကိုခေါ်စရာလား ”

𝐋 𝐎 𝐕(𝐒) 𝐄 𝐑  ||  젴승Where stories live. Discover now