[UNICODE]
* ခွမ်း *
“ oh god!! ”
မီးဖိုချောင်ထဲကို “ ဂျယ်ယွန်း! ” လို့ခေါ်ပြီး အလောတကြီး ပြေးလာတဲ့ လူကြီးကို သွားဖြီးပြလိုက်သည် ။
“ ဘာဖြစ်သွားသေးလဲ ”
“ ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး ခေါက်ဆွဲပြုတ်အိုး အောက်ပြုတ်ကျသွားရုံပဲ ”
ကြမ်းပြင်ပေါ်မှာ မှောက်နေတဲ့ ခေါက်ဆွဲပြုတ်အိုးကြီးက အသက်သာရှင်နေရင် သူ့ကို ထဆဲလောက်တယ်...။
“ မင်းဟာလေ...
လက်ပြ အပူလောင်သွားသေးလား ”မဟုတ်သေးဘူး....ခေါက်ဆွဲပြုတ်အိုးသာ စကားပြောတတ်ရင် သေချာတယ် သူတင်မက လူကြီးကိုပါ ဆဲလောက်မှာ....
ပြုတ်ကျသွားတာက ငါပါဟယ် နစ်နာသူက ငါပါဟယ် လို့ ထပြောနေမလား.....ကိုယ့်အတွေးနဲ့ ကိုယ် ထရယ်မိတော့ လူကြီးက ခေါင်းကို ခပ်ဖွဖွ ခေါက်လေသည် ။
“ ရယ်နေနိုင်သေးတယ်ပေါ့ စလာတဲ့နေ့ကတည်းက တနေ့တနေ့ မရိုးရအောင် ဖြစ်လိုက်တဲ့ အလွဲတွေ...
ပန်းကန်တွေ ကျကွဲတာလဲ ငါးလုံးရှိပြီ
ကော်ဖီထဲလဲ ဆားတွေမှားထည့်တာ သုံး... ”ပြောနေရင်း အဆုံးသတ်မှာ တဖြေးဖြေး အသံမာလာတာကြောင့် မျက်နှာညိုးသွားတော့ လူကြီးက သတိထားမိသည့်အလား မပြောတော့ပဲ ရပ်သွားသည် ။
လူကြီးအတွက် သူက ၀န်ထုပ်၀န်ပိုးများဖြစ်နေပြီလား...
လူကြီးအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့ သူတစ်ယောက်ဖြစ်ချင်လို့...လူကြီးအတွက် အားကိုးရတဲ့သူမဟုတ်ရင်တောင် သူက လူကြီးနဲ့ ကိုက်ညီတဲ့ လက်တွဲဖော်တစ်ယောက်ဖြစ်တယ် ဆိုတာ သက်သေပြချင်လို့...တဖြေးဖြေး လူကြီးရင်ထဲ တိုး၀င်ဖို့ ကြိုးစားနေတာ အကုန်သဲထဲ ရေသွန်ဖြစ်သွားပြီလား...။
တကယ့် ပြဿနာကောင်ပဲ ရှင်းမ်ဂျယ်ယွန်း....“ ကျွန်တော် တောင်းပန်ပါတယ်နော် ”
မျက်ခမ်းစနားမှာ ရစ်သီလာတဲ့ မျက်ရည်စတစ်ချို့ကို လူကြီးမြင်ရင် ပိုစိတ်ရှုပ်သွားမှာစိုးမိတာကြောင့် ခေါင်းငုံ့လိုက်သည် ။
YOU ARE READING
𝐋 𝐎 𝐕(𝐒) 𝐄 𝐑 || 젴승
FanfictionLover or Loser ? never be a loser but when it comes to love......... // Heejake mm fiction //