14.feb.2019
မှတ်မှတ်ရရ Valintime Day နေ့ အမှန်ဆို ငါလေး ကိုကိုနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေရမှာ....အခုတော့ ဒါက ဘာကြီးဖစ်ဝါးတာလား။??
အား...ခေါင်းတွေ မူးနောက်နေတာပဲ။ ဘာလဲ ညက သောက်တာ များဝါးလို့လား။ ဟေး...သက် သတိလေး ဘာလေးထားအုံး။ မျက်လုံးမပွင့်ဘဲ ဟိုတိုးဒီတိုးနဲ့ စမ်းပီး ညအိပ်မီးအိမ်လေး ဖွင့်လိုက်တယ်။
အဲ့မာ သတိထားမိတာက ဒါက ငါ့အခန်းမဟုတ်ဖူးထင်တယ်။ ဟင်....ဟမ်....တာ တာဆို ငါဘယ်နားရောက်နေတာလဲ။??
မျက်လုံးကို လက်နဲ့ပွတ်ပီး အတင်းဖွင့်ကြည့်တော့ တွေ့လိုက်ရနဲ့ မြင်ကွင်းက ရူးလောက်တယ်။
ရွှေရောင်ဆံပင် ဂုတ်ဝဲနဲ့ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ် အမျိုးသမီး 1 ယောက် အဖြူရောင်ဂွမ်းစောင်ကို ခြုံပီး အိပ်ပျော်နေတယ်။ ဘာရယ်မဟုတ် ကျမ 2min လောက် မှင်သက်ပီး သူမကို
ငေးကြည့်နေမိတယ်။နှာတံစင်းစင်းလေး၊ မျက်တောင်အရှည်ကြီးတွေ၊ နှုတ်ခမ်းပါးပါးလေး၊ သွေးကြောစိမ်းလေးတွေ ယှက်ဖြာနေတဲ့ ပါးမို့မို့လေး။ ဘုရားရေ ငါတော့ ရူးတော့မာပဲ နတ်သမီးလေးများလား။
ဖြန်း....ကိုယ့်ပါးကိုယ်ရိုက်ကြည့်သေးတယ်။
အိုင်ယာ.....နာတယ်ဟ ချီးလိုပဲ။ တော်သေးတာပေါ့ ငါလေး သေပီး နတ်ပြည် ရောက်ဝါးပီလားလို့။ ဝမ်းသာလိုက်တာရှင်....ဒါ ဒါနဲ့ ငါအရေးကြီးတာ မေ့နေသလိုပဲ။အယ်....အလုပ်သွားဖို့ ပြင်...ပြင်...ပြင် ph ကိုလှမ်းကြည့်မိတော့ ဒီနေ့က Sunday ပဲ ကောင်းတာပေါ့ တာဆို ပြန်အိပ်တော့မယ်။ မဖစ်သေးဘူး။ ရှူးပေါက်ချင်တယ်။
ထလိုက်အုံးမယ်....အမ် ငါ့အဝတ်တေယော??
စောင်ကိုဆွဲလိုက်တော့....မားရေ ကယ်ပါ။ သူ သူမမှာလဲ အဝတ်တွေ မရှိဘူး။ မကြည့်ရဲပု။
ငါလေး innocence နော့။ ပြန်အုပ်ပေးလိုက်
ပါတယ်။6 Am ဆိုတော့ သိပ်မဆိုးသေးပါဘူး။ ဒါနဲ့ ဘာလို့များ...များ ငါ့ခါးအောက်ပိုင်းက နာကျဥ်နေရတာလဲ။ အဖိုးအဖွား ကယ်ပါ။
ကိုယ့်ကိုပြန်နမ်းကြည့််တော့ အရက်နံ့ရတယ်။ ဘေးပတ်ဝန်းကျင်ကြည့်တော့လဲ အဝတ်တွေ
က အခန်းတခုလုံးမှာ ပျံ့ကြဲနေတယ်။
YOU ARE READING
Play Date (Completed)
Любовные романыနောက် 6 လနေရင် လက်ထပ်တော့မဲ့မိန်းကလေး 1ယောက် အမျိုးသမီး 1 ယောက်နဲ့ မတော်တဆ အိပ်မိ သွားတဲ့အခါ....ကယ်ကြပါအုံး... ငါ ဒီစွပြသနာကြီးကို ဘလိုရှင်းရမာလဲ။?? Weapon ရဲ့ ပထမဆုံး ရေးတဲ့ Fic လေးမို့ပါ။ ကျေးဇူးပြုပီး အမှားပါရင် Reader လေးတို့က ခွင့်လွှတ်ပေးပါရှင...