Ep-5 မပြင်တော့မဲ့ အမှား

7.8K 477 11
                                    

1,March,2019

ဒီနေ့....ရာသီဥတု သာယာနေတယ်။ နေသာပီး တိမ်ကင်းစင်နေလို့ အပြာရောင် ကောင်းကင်ကြီးကိုတောင် ပြတင်းပေါက်က လှမ်းမြင်နေရတယ်။

အဝါရောင် ဆံပင်တိုလေးကို Half-စည်းရင်း မှန်ထဲကြည့်ပီး ယုံကြည်ချက်အပြည့်နဲ့ ယုဝါကိုယ့်ကိုကိုယ် ပြုံးပြလိုက်တယ်။

အိပ်ပျက်နေတဲ့ မျက်တွင်း နက်နက်တွေကို မိတ်ကပ်နဲ့ ဖုံးလိုက်တယ်။ စိတ်ဓာတ်ကျလို့ ဖြူစပ်ဖြူရော်ဖစ်နေတဲ့ နှုတ်ခမ်းတွေကို လိမ္မော်နီရောင် နှုတ်ခမ်းနီနဲ့ မွမ်းမံလိုက်တယ်။....

(စောစောက အပူသည်ရုပ်က အခု ပျောက်ကွယ်သွားတယ်။ ဘသူပြောလဲ မိန်းမတွေ မိတ်ကပ်လိမ်းရတဲ့ အကြောင်းရင်းက ယောက်ကျားတွေ
ကို မြူဆွယ်ချင် လို့လို့....??)

အကြိုက်ဆုံး အင်းကျီလက်ရှည် အဖြူလေးကို Skinny Jeans အနက်ရောင်နဲ့ တွဲဝတ်လိုက်တယ်။ ခနလေး....တခုခု လိုနေသေးတယ်။

Necktie အနက်ရောင်လေးကို လည်ပင်းမှာ သပ်သပ်ရပ်ရပ်လေး စည်းနှောင်လိုက်တယ်။
Ok Perfect!!

(အပြင်မှာ ဘာတွေပဲ ဖစ်ခဲ့ဖစ်ခဲ့....
အလုပ်ခွင်ကို ယုံကြည်ချက် ရှိတဲ့ပုံစံနဲ့ သွားရအုံးမယ်။ အခုခေတ် လူသားတွေ အားလုံးက ဒီလိုပဲ လိမ်ညာနေရတာ မဟုတ်လား.....??)

+++++++++++++++++++++++++++++++++++

အရှေ့-Time Office Buildings ထဲမှာ Founder နဲ့ နာရီဝက်လောက် စကားပြောပီးတဲ့အခါ ယုဝါ အလုပ်လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်။

ကောင်းပီ....Contract အရ
ငါဟာ အခုချိန်ကစပီး ဒီ Media Group ရဲ့ Chief Make-up Artist 1 ယောက် ဖစ်လာလိမ့်မယ်။

+++++++++++++++++++++++++++++++++++

Make up studio ထဲမှာ
ယုဝါ eyeshadow နဲ့ မိတ်ကပ် ပစ္စည်းအချို့ကို စနစ်တကျစီရင်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ စောင့်နေရတယ်။

မကြာခင်မှာ ဆွဲဆောင်မှုရှိတဲ့
ဒေါက်ဖိနပ်သံ 1ခု ကြားရတယ်။

ဒေါက်....ဒေါက်...ဒေါက်....ဒေါက်....

ဘသူလဲ သိချင်စိတ်နဲ့
နောက်လှည့်ကြည့်လိုက်တဲ့ အခါ

"ယုဝါ....လုံးဝ မထင်ထားတဲ့သူ၊
ယုဝါ....အိပ်မက်ထဲ မှာတောင်
ထပ်မတွေ့ချင်တဲ့ သူကို
​ပြန်မြင်လိုက်ရတယ်။"....

Play Date (Completed)Where stories live. Discover now