Ep-9A, Bloody Night

4.7K 257 1
                                    

Pink Teddy Bare...

Daddy ငါ့ကို မြေနီကုန်း City Mart ရဲ့ 2nd floor က ဝယ်လာခဲ့တယ်။ သူ့ရဲ့ နွေးထွေးတဲ့ လက်ဖဝါး အကြီးကြီးတွေနဲ့ ငါ့ကို ​ထွေးပွေ့ ထားတယ်။ ငါ့ကို နူးနူးညံ့ညံ့လေး ကြည့်ပီး သူ ပြုံးပြရှာတယ်။.....

စားပွဲခင်း အဖြူပေါ်မှာ ပန်းစည်း၊ Chocolate အချို့နဲ့ အနီရောင် လက်ဆောင်ဗူးလေး ရှိတယ်။အထဲမှာ ဘာပါလဲ ငါသိပ်သိ ချင်တယ်!!

"Daddy က သူ့ရဲ့ အတွင်းရေးမှူး ကောင်လေး
နဲ့ စကားပြောရင်း အလုပ်ရှုပ်နေတယ်။ အခန်းရဲ့ နေရာအနှံ့မှာ မထွန်းရသေးတဲ့ ရေမွှေးဖယောင်း တိုင်လေးတွေ ရှိနေကြတယ်။

သူတို့ ကုတင်ပေါ်ကို
အနီရောင် နှင်းဆီ ပွင့်ဖတ်
လေးတွေ ကြဲချနေကြတယ်။"

"သိလား....သိလား Daddy က
ခေါင်းအုံးနဲ့ အိပ်ယာခင်း ပေါ်ကိုတောင်
Channel Chance ရေမွှေး ဖြန်းလိုက်
သေးတယ်။"

"ဘာလဲ.....ဘာလဲ
Daddy က သူ့အမျိုးသမီးကို
ဒီညမှာ လက်ထပ်ခွင့်တောင်း
မလို့များလား??"

"ငါ သူမကို တွေ့ချင်လိုက်တာ!!

ည 6 နာရီ အတိမှာ
အခန်းတံခါးကို သော့ပိတ်ပီး
Daddy ငါ့ကို ထားသွားတယ်။

"တကယ်တော့
ငါက ခလုပ်နှိပ်လိုက်ရင် I Love U လို့
ပြောတတ်တဲ့ ပန်းရောင် ဝက်ဝံရုပ်လေး
1ခုပဲ ဆိုပေမဲ့....

Daddy ရဲ့
Proposal Night လေး
အောင်မြင်ပါစေလို့ ငါ....
ဆုတောင်းပေးလိုက်မယ်!!"

+++++++++++++++++++++++++++++++++++

Call Girl....

ည ၁၁ နာရီခွဲမှာ

ကျမကို ထူးမြတ်ဆိုတဲ့ လူ 1 ယောက်
Ph ဆက်တယ်။ နောက် ၁၀ မိနစ် နေရင်
Toyota Mark 10 အနက်ရောင်နဲ့ သူတို့
လာခေါ်မှာမို့ ပြင်ဆင်ထားပါလို့
ပြောသွားတယ်။

ဟုတ်တယ်.....ကျမက ဇိမ်မယ်။

But ပေါက်ပန်းစေ့
လူတကာနဲ့ လိုက်အိပ်တဲ့
အစားထဲက မဟုတ်လို့....
ကျမက ကြေးကြီးတယ်။

Play Date (Completed)Where stories live. Discover now