Ep-12, Twin Test

3.9K 249 5
                                    

30.May.2019

ယုဝါ....နင်သိလား
ငါနင့်ကို အားကျတယ်။ ငါနင့်ကို မနာလိုဖစ်တယ်။ ဘာလို့လဲဆိုတော့ နင့်မှာ ချစ်ရမဲ့သူ
တယောက်ယောက်တော့ ရှိသေးတယ်။

ငါက နင့်ထက်လဲ ချောတယ်။ နင့်ထက်လဲ
ပိုကောင်းတဲ့ အလုပ်အကိုင်ရှိပေမဲ့ ငါမပျော်ဘူး။

ငါ့ဘေးမှာ ကောင်လေးတွေ၊ ကောင်မလေးတွေ
အများကြီး ဝိုင်းဝိုင်းလည်နေပေမဲ့ တကယ်တမ်းငါ ငိုချင်လာတဲ့အခါ ထွေးပွေရဲတဲ့ ရင်ခွင် 1 ခုမှ ငါ ရှာမတွေ့ဘူး.....ငါ သိပ်အထီးကျန်တယ်။

အားလုံးက အတုအယောင်တွေပဲ ဖြစ်နိုင်ရင်
ငါ....သက်ကို နင့်ဆီက ခိုးယူသွားချင်တယ်။

(လူတွေက ပျော်ပျော်နေတတ်တဲ့ ငါ့ကို..... သဘောကျလေ့ရှိတယ်။ But ငါ့ရဲ့ပျော်ရွင်မှုတွေ ခမ်းခြောက်သွားတာနဲ့ တပြိုင်နက်သူတို့ ငါ့ကိုပစ် သွားလေ့ရှိတယ်။ သူတို့တွက် ငါက ဖျော်ဖြေရေး အရုပ် 1 ရုပ်ထက် မပိုဘူးလေ။)

"Hey....သက် ငါနဲ့ ယုဝါက အမြွှာတွေဆိုတော့
ငါတို့က တူတူပဲလေ။ နင် ငါ့ကို ဘဘောကျလို့
မရဘူးလား??"

ဒီမေးခွန်းကိုပဲ
ငါ ဒုတိယအကြိမ် ထပ်မေးမိပြန်တော့....

သက်.....ဘာမှမပြောတော့ဘဲ
သူမ လက်တွဲထားတဲ့ သူမရဲ့ချစ်သူ-ယုဝါရဲ့
ဘယ်ဖက်ပါးပြင်ကို ခြေဖျားထောက်ပီး ခပ်ဖွဖွတချက် နမ်းပြလိုက်တယ်။

ဟွန့်.....အူတိုလိုက်တာ
ထို လေယဥ်မယ်-အမျိုးသမီး လေးဟာ သွားဖြူဖြူလေးတွေ ပေါ်သွားအောင်ထိ ပြုံးပြလိုက်ပီးနောက် မင်ဂလာဒုံလေဆိပ်ရဲ့ International Terminal ထဲကို နောက်ပြန်မလှည့်ကြည့်ဘဲ
ဝင်သွားတော့တယ်။

ဘဝတစ်ကွေ့မှာ ရေစက်မကုန်သေးရင်
ပြန်ဆုံကြပါစို့.....အခုတော့ Good Bye!!

+++++++++++++++++++++++++++++++++++

Ph Ring Tone သံ....
ကလင်....ကလင်....ကလင်....ကလင်

"Hello.....ဘသူပါလဲ??"
"Surprise!! ငါ ဘသူလဲ??"

"ဟမ်.....ငုဝါလား??"
"ဟွန့် ကိုယ့်ညီမလေးကို... မမှတ်မိဘူးလား??"
"ကျဲ.....နင် အရမ်းဆိုးတာပဲ....အဟင့်ဟင့်။"

Play Date (Completed)Where stories live. Discover now