Ep-2 Sunday Morning (🚨🚨)

17.6K 555 14
                                    

6:40 AM....

မထူးတော့ဘူးဆိုပီး
တံခါးနောက်ကွယ်မှာ
ဝင်ပုန်းနေလိုက်တယ်။

ဘယ်ကမှန်းမသိ၊ ဘသူမှန်းမသိတဲ့ သူစိမ်းအမျိုးသမီးတယောက်နဲ့ တူတူအိပ်ခဲ့ပီး နောက်နေ့မနက်မှာ....

အထူးသဖြင့် အခုလို အခြေနေကြီးမှာ
ဘလိုစိတ်နဲ့ မျက်နှာ ချင်းဆိုင်ရမှာလဲ??

ဟင့်အင်း....သက် မှာ ယုံကြည်ချက် မရှိပါဘူး။ ပုန်းနေတာ အကောင်းဆုံးပဲ။ ("Hey ငါလေး
လုံးဝ အသံထွက်လို့ မဖစ်ဖူးနော်!!" လို့ ကိုယ့်ကို ပြောပီး) ကျမ ပါးစပ်ကိုပိတ်၊ မျက်လုံးကို မှိတ်ပီး နေလိုက်တယ်။

ကျေးဇူးပြုပီး
ဘသူမှ မမြင်ပါစေနဲ့။
ဖစ်နိုင်ရင် အငွေ့ပျံပီးသာ
ပျောက်သွားချင်တော့တယ်။
သောက်ကျိုးနဲ ဘဝ။...

"Honey....နိုးပီလားရှင့်။
ဟင်...လူယော ဘယ်ရောက်သွားလဲ??
အသံကြားလို့ လာကြည့်မိတာ.....မရှိဘူးပဲ။"

လှည့်ပြန်မယ်အလုပ်...
"ဟတ်...ဟတ်...ဟတ်ချိုး"
(What the F..k သက် ရေ နင်တော့ သွားပီ။!!)

"Awww....Honey လေးက ဒီမှာကိုး၊ Baby ဘာလို့ ဒီမှာ ပုန်းနေတာလဲ?? ယုဝါက...ကိုက်မစားပါဘူးရှင်။"

အေးစက်စက် လက် 1စုံက သက် ကို နောက်ကနေ သိုင်းဖက်လိုက်တယ်။ တဖြည်းဖြည်းနဲ့ ငါ့ရဲ့ ခန္နာကိုယ်ကို လှည့်လိုက်တယ်။ သူမရဲ့ လက် ချောင်းလေး တွေက ငါ့ရဲ့မျက်နှာကို ထိတွေ့ပီး ဖရိုဖရဲဖစ်​နေတဲ့ ဆံစ တချို့ကို သပ်တင် ပေး တယ်။....

နောက်တော့ အမိန့်ဆန်တဲ့ အသံ 1 ခုကို သက် ကြားရတယ်။

"Honey ရေ.... ယုဝါကို ကြည့်ပါအုံးနော်'' တဲ့...
တဂယ်ပါပဲ ငါ ဘာဖစ်သွားတာလဲ ညှို့ခံရတဲ့ သားကောင် လိုမျိုး သူပြောသမျှကို လိုက်နာ
နေမိတယ်။

မရဲတရဲလေး....မျက်လုံးကို ဖွင့်ကြည့်လိုက်တော့နတ်သမီးလေး....အဲလေ နတ်ဆိုးမကြီးကို မြင်ရတယ်။ သူမရဲ့ နက်မှောင်စူးရှတဲ့ မျက်ဝန်းတွေကို 2sec လောက် ငေးကြည့်မိသွားတယ်။

ဒီလှပတဲ့
မျက်ဝန်းနက်နက်တွေရဲ့ နောက်ကွယ်မှာ Mariana ချောက်နက်ကြီးများ ရှိနေလား။
တဂယ်ပဲ ဘာတွေကို.... ဖုံးကွယ်ထားတာလဲ။...

Play Date (Completed)Where stories live. Discover now