Ep-9B, Bloody Night

4.4K 291 2
                                    

ဆရာဝန်မ ဒေါ်စောနုဝေ....

"ဟင်....ဘသူလဲ...စစ်နိုင်လား??"
"သူငယ်ချင်း....နင် ဘာဖစ်နေတာလဲ??"

"စိတ်အေးအေးထားနော်၊ စော...အခု လိုအပ်တဲ့ ဆေးတွေယူပီး ကိုစစ် အိမ်ကို လာခဲ့မယ်နော်"

Ph ထဲက စစ်နိုင်ရဲ့ကတုန်ကယင်​လေသံနဲ့
ဂဏာမငြိမ်ဖစ်နေတဲ့ လက္ခာကို သိပီးနောက်

စိတ်ရောဂါကု ဆရာဝန် 1 ယောက် ဖစ်တဲ့
စောနုဝေ.....သူမရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေ
ကို စုစည်းလိုက်ပီး....

အိမ်က လိုအပ်တဲ့ ဆေးဝါး အပြည့်အစုံနဲ့
မပါမဖြစ် သူမရဲ့ လေးထောင့်မျက်မှန်ကို
ယူလာခဲ့တယ်။

(ကိုယ့်လူနာ အရေးပေါ် ဖစ်နေချိန်မှာ ဘယ်ဆရာဝန်မ မှ မိတ်ကပ်လိမ်းနေမှာ မဟုတ်ဖူး)

စော....ဝင်နာမီယာ လို့ လူသိများတဲ့ ဆိတ်ငြိမ်ရပ်ကွက်လေး ဆီသို့ ကားမောင်းထွက်လာရင်း
လမ်းမှာ စစ်နိုင်အကြောင်း တွေးလာမိတယ်။

2000 ခုနှစ်

Methodist Episcopal School လို့ ခေါ်ခဲ့တဲ့
ဒဂုံ-1 ကျောင်းရဲ့ Grade-6C မှာ ဆံပင်စုတ်ဖွားနဲ့
ဘသူမှ စကားမပြောရဲတဲ့ စာကြမ်းပိုးမလေး တစ်ယောက်ရှိတယ်။

သူမရဲ့ တစ်ဦးထဲသော အချစ်ဆုံး သူငယ်ချင်းက
ပါးဖောင်းဖောင်း မျက်မှန်အဝိုင်းလေး တပ်ထားတဲ့ အသားညိုညိုနဲ့ ဖက်တီး ကောင်လေးပဲ။

ဒီကောင်လေးက ဟာသတွေ အမြဲပြောတတ်ပီး
လူတွေနဲ့ ရန်မဖစ် တတ်တဲ့ ဝက်ပုပ်လေး ပဲကွ။
သူ့နာမည်က.....စစ်နိုင်တဲ့!!

ငါတို့ စာသင်ခန်းထဲမှာ ငါးတန်းကနေ ဆယ်တန်းထိ တခုံထဲ တူတူထိုင်တဲ့ သူငယ်ချင်းတွေ ဖစ်ခဲ့ကြတယ်။ 10 တန်းပီးတော့ စစ်နိုင်က Business တက်ပီး စောက ဆေးကျောင်းတက်တယ်။

စစ်နိုင်တောင်းခဲ့တဲ့...ကတိလေး 1ခု ရှိတယ်။
"စော...နင်ကြီးလာရင်၊ ငါ့ရဲ့ Family Doctor
လုပ်ပေးရမယ်နော်တဲ့"

ဒီကတိအတိုင်း ကျောင်းပီးတဲ့ အခါ
ငါက ငါ့အချစ်ဆုံး သူငယ်ချင်းရဲ့
Family Doctor ဖစ်လာခဲ့တယ်။

ကျောင်းပီးလို့ ပြန်ဆုံတော့ စော သူ့ကို မမှတ်မိဘူး။ England မှာ ပညာသင်ပီး ပြန်လာတဲ့ ငါ့သူငယ်ချင်းက တော်တော်ချောလာပီး တခြား
တယောက်လို ဖစ်သွားတယ်။

Play Date (Completed)Where stories live. Discover now