7.July.2019
1.လက်ထပ်ပွဲ
ကျော့ရှင်းပီး ဘာ Design ဆန်းမှ မပါတဲ့ အဖြူရောင် ကိုယ်ကျပ်ဂါဝန်ရှည်ဟာ သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းကို ပိုပေါ်လွှင်စေတယ်။
ဘာလက်ဝတ်ရတနာမှ မဆင်မြန်းထားဘဲ ခေါင်းပေါ့မှာ စိန်သရဖူ 1ခုကိုသာ သူမ ဆောင်းထားတယ်။ ဒီနေ့မှာ သတို့သမီးရဲ့ မင်ဂလာပန်းစည်းဟာ အဖြူရောင် နှင်းဆီပန်းတွေပေါ့။
ထူထဲနက်မှောင်တဲ့ ဆံပင်ကောက်ကောက်တွေ၊ အဖြူရောင်ရင်ပြတ် ပိုးသားဂါဝန်ရှည်၊ တလက် လက် တောက်ပနေတဲ့ စိန်သရဖူတို့ဟာ ထိုအမျိုး သမီးကို မင်ဂလာလျှောက်လမ်းပေါ်က......
သတို့သမီး 1ယောက်လို့ မြင်ရမဲ့အစား ထီးနန်းကို သိမ်းပိုက်တော့မဲ့ ဘုရင်မ 1ပါး အသွင် ဖော်ကျူးနေတယ်။
မင်ဂလာလျှောက်လမ်းရဲ့ အဆုံးမှာ တည်ကြည်
ခန့်ငြားလွန်းတဲ့ သတို့သားနဲ့ ဘိသိတ်ဆရာတို့က
သူမကို စောင့်ကြိုနေတယ်။ထိုလက်ထပ်ပွဲမှာ စစ်နိုင်နဲ့ သက်တို့ရဲ့သူငယ်ချင်းတွေကို သတို့သမီး၊သတို့သား အရံတွေအဖစ် ငါမြင်ရတယ်။
သူတို့ရဲ့ နှစ်ဖက်မိဘတွေ၊ ဆွေမျိုး၊ မိတ်ဆွေ
တွေနဲ့ မင်ဂလာ ဧည့်ပရိတ်သတ်အားလုံးက ထိုသတို့သားနဲ့ သတို့သမီး တို့ကို ကောင်းချီးသြဘာပေးနေကြတယ်။အရှေ့ Time, Media Group ရဲ့ Videography အဖွဲ့သားတွေက ဒီပွဲမှာ Photographer Team အဖစ် ပါဝင်ကူညီပေးကြတယ်။ အော် ဒါဟာ သူတို့ သက်ကို ပေးတဲ့ မင်ဂလာလက်ဖွဲ့ ပဲပေါ့။
ဘာလို့လဲဆိုတော့ သူတို့ရဲ့ presenter အချောလေး သက် က စစ်နိုင်နဲ့ လက်ထပ်ပီးတဲ့အခါ
အပီး သွားနေတော့မာလေ။ သက်ကို နှမြောကြပေမဲ့ သူမကိုယ်တိုင် အလုပ်ထွက်စာ တင်ခဲ့တာဆိုတော့ ဒါဟာ သူမရဲ့ရွေးချယ်မှုပါပဲ။ငါက Make-up Artist 1 ယောက်ပဲ။
ငါ့ရဲ အလုပ်က လူတွေကို လှပအောင်လိမ်းခြယ်ပေးဖို့ပဲ။ အခု ငါ့ချစ်သူ-သူများသတို့သမီးလေး ကို မိတ်ကပ် လူးပေးနေတယ်။အမှန်တော့ ကိုယ်ချစ်တဲ့သူကို တခြားသူရဲ့သတို့သမီး အဖစ် မြင်နေရတာ လုံးဝအဆင်မပြေဘူး။ ဒါပေမဲ့ Wedding Dress အဖြူရောင်လေးဝတ်ပီးမင်ဂလာလျှောက်လမ်းပေါ် လှမ်းလျှောက် သွားတဲ့ နတ်သမီးလေးကို ငါ စိတ်ရင်းနဲ့ ဂုဏ်ပြုပေးပါတယ်။
![](https://img.wattpad.com/cover/278241903-288-k881242.jpg)
YOU ARE READING
Play Date (Completed)
Romanceနောက် 6 လနေရင် လက်ထပ်တော့မဲ့မိန်းကလေး 1ယောက် အမျိုးသမီး 1 ယောက်နဲ့ မတော်တဆ အိပ်မိ သွားတဲ့အခါ....ကယ်ကြပါအုံး... ငါ ဒီစွပြသနာကြီးကို ဘလိုရှင်းရမာလဲ။?? Weapon ရဲ့ ပထမဆုံး ရေးတဲ့ Fic လေးမို့ပါ။ ကျေးဇူးပြုပီး အမှားပါရင် Reader လေးတို့က ခွင့်လွှတ်ပေးပါရှင...