Ep-8 သက်ရဲ့ မွေးနေ့

4.8K 343 11
                                    


April Fool Day မှာ မွေးဖွားလာတဲ့
အရူးမလေးအတွက် မွေးနေ့လုပ်ပေးမယ်။ သက် အတွက် Birthday Present-2 ခုနဲ့ Surprise-1 ခု ပြင်ဆင်ထားတယ်။....

1ခုကိုBirthday Party မှာပေးမယ်။
နောက် 1ခုကို ကိုယ့်အိမ်မှာ Dinner
တူတူစားရင်း ပေးမယ်။....

စစ်နိုင် သူ့အတွေးနဲ့သူ စီးမြောနေရင်း ပြုံးလိုက်မိတယ်။ ဘေးနားက သူ့ရဲ့ အတွင်းရေးမှူး ကောင်လေးက ငါ့ကိုကြည့်ပီး ပြုံးစိစိ လုပ်နေပေမဲ့ မဆူမိပါဘူး။

"ဒီနေ့က ငါ့ရဲ့ချစ်သူ မွေးနေ့!!"


+++++++++++++++++++++++++++++++++++

Birthday Party ကို.....
လမ်းမတော်မြို့နယ် ဝါးတန်းလမ်းမ ပေါ်က
The Class Restaurantရဲ့ 3rd Floor 1ခုလုံး
ကို ငှားလိုက်ပီး စစ်နိုင်က ည 8 နာရီမှာ သက်ရဲ့ အလုပ်က လူအားလုံးကို ဖိတ်ပီး ကျင်းပပေးတယ်။ ဒီထဲမှာ ယုဝါလဲပါတယ်။

ယုဝါက ထွက်ပေါ်နားက မှောင်မဲနေတဲ့ စားပွဲသေးသေးလေးမှာ တစ်ယောက်ထဲ အရက်သောက်ရင်း သက်နဲ့ စစ်နိုင်ကို ငေးကြည့်နေမိတယ်။

"အော်.....ငါနဲ့သူမနဲ့ ထက်စာရင် သက်နဲ့ မသိသူမရှိတဲ့ သူငှေးကိုစစ်နိုင်က ပိုပီး လိုက်ဖက်ပါတယ်"လို့ တွေးမိပီး ယုဝါသိမ်ငယ်စွာ ခေါင်းငုံ့မျက်လွှာချထားလိုက်မိတယ်။

Party မှာ.....
ပန်းရောင်ပူဖောင်းတွေ၊ White Rose ပန်းစီးတွေ၊ Teddy Bares အရုပ်ရောင်စုံလေးတွေ မိတ်ဆွေသူငယ်ချင်းတွေက စုံလင်နေတယ်။

အဖြူရောင် ဂါဝန်ရှည်နဲ့ မွေးနေ့ရှင်မင်းသမီးလေးရယ်၊ ခဲရောင်အနောက်တိုင်းဝတ်စုံကို ရွှေအိပ်ဆောင်နာရီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားရယ်ဟာ
အတူတူမွေးနေ့ကိတ် လှီးနေကြတယ်။

ဒီမြင်ကွင်းက Wedding Dinner မှာ ဧည့်သည်တွေကို ဧည့်ခံနေကြတဲ့ ဇနီးမောင်နှံလိုပဲ အပြစ် ဆိုစရာမရှိလောက်အောင် ကျက်သရေရှိလွန်း
နေတယ်။

"ဒီညမှာ ကြေညာစရာ 1ခု ရှိပါတယ်။"
"အမှန်တော့ ကျနော်နဲ့ သက် က ချစ်သူရည်းစားတွေပါ။ ပီးတော့ ကျနော်တို့ မကြာခင်မှာ လက် ထပ်ဖို့ စီစဥ်ထားပါတယ်" လို့....

Play Date (Completed)Where stories live. Discover now