Ep-7 ခရီးထွက်ခြင်း

5.8K 335 1
                                    


ဒီလိုနဲ့.....
အချိန်တွေက တရွေ့ရွေ့ ကုန်သွားတယ်။
သက် ကလဲ သူ့အလုပ်သူ လုပ်တယ်။ ယုဝါလဲ
ဒီလိုပဲပေါ့။ သူတို့ 2 ဦးဟာ Office Building 1 ခုထဲမာ နေ့တိုင်း တူတူရှိနေကြပေမဲ့လဲ ဝေးနေ
သလိုပါပဲ။

"တချိန်က ပတ်သက်ခဲ့ဖူးပေမဲ့ အခုတော့ ရုံးအတူတူတက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ
ဆိုတာထက် မပိုတဲ့ သူစိမ်းတွေ ဖြစ်တယ်။"

အခု March လ ရဲ့ နောက်ဆုံးအပတ်မှာ အရှေ့-Time Media Group ဟာ ကလောမြို့ရဲ့ မီးကြာဆံပွဲတော် အကြောင်းကို ရိုက်ကူးရေးလုပ်ဖို့အတွက် 3ရက် ကြာတဲ့ Business Trip 1ခု ထွက်ရမယ်။.....

ဒီရိုက်ကူးရေးအဖွဲ့မှာ သက်တို့ သတင်းအဖွဲ့နဲ့
ယုဝါတို့ မိတ်ကပ်အဖွဲ့ 2 ခု ပူးပေါင်းပီး သွား
ကြ ရမယ်။

ကလောမြို့ရဲ့ မီးကြာဇံပွဲဟာ ရှမ်းပြက္ခဒိန်အရ ကျင်းပတာဖြစ်လို့ 1နှစ်နဲ့ 1နှစ် ကျင်းပတဲ့ရက်ဟာ မတူညီဘဲ အပြောင်းလဲရှိတယ်။ (ဥပမာ တရုတ်နှစ်သစ်ကူး ရက်တွေ လိုပေါ့။).....

ဒီနှစ် 2019မှာ တော့ 27,28,29 ဟာ ပွဲတော်ရက်တွေဖစ်တယ်။ ခါတိုင်းလိုပဲ ကလောမြို့ရဲ့ စစ်ဦးစီ တက္ကသိုလ် အရှေ့၊ ငါတို့ တည်းမဲ့ Mount Plasent Hotel (Kalaw) ရဲ့ အတက်လမ်း အစလေးရဲ့ ညာဖက်၊ ထင်းရှူးတောနဲ့ ကပ်လျက်က 4ဧက လောက်ရှိတဲ့ ကွင်းပြင်ကျယ်ကြီး ထဲမှာ ပွဲ လုပ်လိမ့်မယ်။

ရှမ်းလူမျိုးတွေဟာ ယခင် စော်ဘွားခေတ် က တည်းက ဒုံးလက်နက်အမြှောက်တွေကို ကိုယ် တိုင်လုပ်ပီး စစ်တိုက်လေ့ရှိကြတယ်။

ရက်၊ လ၊ နှစ်နဲ့ ခေတ်စနစ်တွေ ပြောင်းလဲသွားတဲ့ အခါ သူတို့ရဲ့လက်နက်လုပ်တဲ့ အတတ်ပညာကို ကွယ်ပျောက် မသွားရအောင် ဆက်လက် ထိန်း သိမ်းနိုင်ဖို့.....

ဒီမီးကြာဇံပွဲကို ရှမ်းပြည်နယ် ကလောမြို့မှာ 1နှစ်1ကြိမ် နှစ်တိုင်း ကျင်းပကြတာ ဖစ်တယ်။

ဒီပွဲမှာ ကလောမြို့ပတ်ဝန်းကျင်က ရှမ်းရွာကြီး 37 ရွာဟာ သူတို့ရဲ့ 1နှစ်တာ ရွာရန်ပုံငွေကို အသုံးပြုပီး မီးရှူးမီးပန်းစင်မြင့်ကြီးတွေကို ရွာသားတွေရဲ့ လုပ်အားနဲ့ ဆောက်လုပ်ကြတယ်။

Play Date (Completed)Where stories live. Discover now