Ep-14B, The Novelist

3.7K 264 5
                                    

4.ပြန်လည်မွေးဖွားခြင်း-Regeneration

ငါလဲ ရင်လျက်နဲ့ သေဆုံးနေတဲ့
Zombie 1 ကောင်လို မဖြစ်ချင်တော့ဘူး။
ညတိုင်း အရက်တွေသောက် ငိုယိုပီး ပိန်လှီနေတဲ့ ငါ့ကိုယ်ငါ မကြည့်ချင် တော့ဘူး။ ဒါကြောင့် ငါ
Gym ဆော့တယ်။ အားကစားလုပ်ရင်း သူငယ် ချင်း အသစ်တွေနဲ့ တွေ့တယ်။

ငါ အခန်းထဲမှာ ကိုယ့်ကိုပိတ်လှောင်ထားပီး အတိတ်မှာ သေဆုံးနေတဲ့သူ မဖစ်ချင်​တေ့ာဘူး။
ဒါကြောင့် ငါ စာတွေ အများကြီး ရေးဖြစ်တယ်။ ငါ့ဘေးမှာ နင်မရှိတော့ပေမဲ့ ငါ့ Fan တွေရှိလာတယ်။ သူတို့က ငါ့ကို Mail က (သို့) စာတွေရေးပီး ငါ့ကို အားပေးကြတယ်။

ငါစိတ်ဓာတ်ကျပီး သတ်သေဖို့ အတွေးဝင်တိုင်းမှာ သူတို့ပေးတဲ့ ပန်းစည်းလေးတွေအရုပ်တွေနဲ့ စာတွေက ငါ့ကို ခွန်အားဖြစ်စေတယ်။ ငါ့ရဲ့ အသဲကွဲခြင်းနဲ့ Depression တွေကို ငါကိုယ်တိုင် အနိုင်ယူပီး Fan Sign ထိုးပွဲတွေလုပ်တယ်။

TV series တွေအတွ​က် Audition တွေမှာ ဒိုင်လုပ်တယ်။ ဒီလိုနဲ့ ငါလဲ လူတွေကြားထဲကို ပြန်ရောက်လာပီး တဖြည်းဖြည်းနဲ့ ငါ့ကို လူသိများလာတယ်။

ငါ မင်းကို အသုံးချမိတာတော့ အားနာတယ်။ဒါပေမဲ့ ငါရေးတဲ့ ဝတ္ထုတွေက ငါ့ရဲ့ မူပိုင်ခံစားချက်တွေကွ။ ငါရောင်းခဲ့တဲ့ ဇာတ်ညွှန်းတွေက ငါပေးခဲ့တဲ့ အချစ်စစ်ရဲ့ တန်ဖိုးပဲကွ။ ငါဖန်တီးတဲ့ အနုပညာက ငါ့ရဲ့ ကိုယ်ပိုင်အရည်ချင်းနဲ့ကွ။
ဒါကြောင့်......

"ငါမင်းကို မတောင်းပန်ဘူး....သက်။"

##########

1.မင်းကို လွမ်းဆွတ်သတိရခြင်းတွေ
အားလုံးကို ငါဝတ္ထုထဲချရေးလိုက်တယ်။

2.မင်းကို မြတ်နိုးတန်ဖိုးထားခြင်းတွေ
အားလုံးကို ငါ့ရဲ့ စာသားတွေအဖြစ်
လောကကြီးကို ချပြလိုက်တယ်.

3.ဘလိုလုပ်ရမလဲ မင်းကလွဲလို့ တလောကလုံးက ငါမင်းကို သိပ်ချစ်တာ သိတယ်တဲဲ့။

4.ပြောမဲ့စကားလုံးတွေက မင်းနာကျင်မှာစိုးလို့
ငါ့ရဲ့နှုတ်ခမ်းဖျားမှာတင် ပျောက်ဆုံးသွားတယ်။
ဒီတိုင်း ဟန်ဆောင်နေရင် တိတ်တိတ်လေး ငါ့ရဲ့ အတ္တတွေကို လျှော့ပီး တစ်လှမ်းခြင်း ငါ နောက် ဆုတ်လိုက်တယ်။

Play Date (Completed)Where stories live. Discover now