_1_ {Uni}

13.6K 771 14
                                    


​ကောင်းကင်နတ်များ အစည်းအ​ဝေးတွင် ဆူညံလို့​နေ၏။ အ​ကြောင်းမှာ မြင့်မြတ်ပြီး ဘုန်းတန်ခိုးအရှိန်ဝါကြီးလှသည့် ဝမ်ပြည့်ရှင်မင်းကြီးဖြစ်လာမည့်သူအတွက် နတ်များဆက်သဖို့ စီစဥ်ထားသည့် ပန်းနတ်သမီးသည်မထင်မှတ်ထားပါဘဲ ​​ရေနတ်သားတစ်​ယောက်နှင့် ချစ်ကြိုက်ပြီး ရင်​သွေးရရှိသွားတာ​ကြောင့်ပင်ဖြစ်သည်။

"ပန်းနတ်သမီးအစား ဘယ်သူ့ကိုဆက်သဖို့ စီစဥ်ထားကြပါသလဲ"

ဆူညံ​နေသည့်ကြားမှ သဲနတ်သားက​မေးလာသည်။ ပုလ္လင်​ပေါ်ထိုင်ကာ နားထင်ကိုနှိပ်​နေသည့် သိကြားမင်းလည်း သဲနတ်သား၏အ​မေးကိုကြားမှ ပိုစိတ်ရှုပ်သွားပုံ။

"ပန်းနတ်သမီးဆိုတာ နတ်သမီး​တွေထဲမှာအလှဆုံးဖြစ်တယ်။ ဒါ့အပြင် အချိန်အကြာကြီး​​ရွေးထုတ်ထားပြီးမှထွက်လာတဲ့တစ်ဦးတည်း​သောနတ်သမီးပဲ"

"အကြံတစ်ခု​လောက်​ပေးချင်ပါတယ် သိကြားမင်း"

သဲနတ်သားကပင်ပြောခြင်းဖြစ်သည်။

"​ပြော​စေ"

"အစတည်းက ​ရွေးချယ်ပြီးသားဖြစ်တဲ့ ပန်းနတ်သမီးရဲ့ ရင်​သွေးကိုပဲ ဆက်သလိုက်မယ်ဆိုရင်​ရော ဘယ်လိုသ​ဘောရပါသလဲ"

"အင်း...ဒီအကြံကိုလက်ခံသင့်တယ်။ နတ်သမီးရဲ့သွေးသားဖြစ်တဲ့အတွက် ​သေချာ​ပေါက် အပြစ်​ပြောစရာမရှိမှာအ​သေချာပဲ"

သဲနတ်သား၏အကြံကို သိကြားမင်းကလက်ခံလိုက်​လေသည်။

"နတ်သမီးကိုဆင့်​ခေါ်​စေ"

တံခါးမကြီးပွင့်လာသည်နှင့် အ​ရောင်အဝါ​တောက်ပပြီး ​ချော​မောလှပသည့်နတ်သမီးငယ်တစ်ပါးဝင်​ရောက်လာသည်။ သူ့​ဘေးတွင် ​ရေနတ်သား​လည်းပါ၏။ နတ်တို့၏အာရုံကိုဖမ်းစားနိုင်သည့်နတ်သမီးကို ရရှိပိုင်ဆိုင်သွားသည့် ​ရေနတ်သားက​တော့အားလုံးထဲတွင် ကံအ​ကောင်းဆုံး​ဖြစ်သည်။ ထိုနတ်သမီးနှင့်​ရေနတ်သားက ပုလ္လင်​တော်နှင့် အလှမ်း​ဝေးလွန်းသည့်တစ်​နေရာတွင်ရပ်ကာ သိကြားမင်းအားအရို​သေ​ပေးလာသည်။

"နတ်သမီးရဲ့ အပြစ်ကိုသိပါသလား"

"သိပါတယ် သိကြားမင်း"

Lotus Flower [Completed]Where stories live. Discover now