_8_ {Uni}

6K 485 9
                                    


မူး​နောက်​နေသည့်ခေါင်းနှင့် ​ဝေဝါး​​နေသည့်မျက်လုံး​တွေသည် အလင်း​ရောင်တစ်ခု​ကြောင့် ​ပတ်ဝန်းကျင်အားကြည်ကြည်လင်လင်မြင်နိုင်ဖို့ ​တော်​တော်အချိန်ယူလိုက်ရသည်။ ကျောဘက်မှခပ်မာမာအထိ​အတွေ့​ကြောင့်ကုတင်​ပေါ်မှာမဟုတ်တာ​တော့​သေချာသည်။

"အင်း.."

တစ်ချက်ညီးတွားရင်းထဖို့လုပ်​​တော့ လက်​မောင်း​ပေါ်တွင်လေးလံ​နေ၏။ ကြည့်လိုက်​တော့ ခရမ်း​ရောင်သန်း​နေသည့်အကွက်​တွေနှင့်အိပ်​​ပျော်​နေသည့်ရှောင်းကျန့်။

အခန်းထဲ​တွင်လည်းရှုပ်ပွ​နေသည့်ပစ္စည်း​တွေ။ ညကအဖြစ်ပျက်​တွေအားလုံးသည် ခေါင်းထဲအစီအရီပြန်​ပေါ်လာပြီးပြူးကျယ်သွားသည့်မျက်လုံး​တွေနှင့် ​ရှောင်းကျန့်အားလှုပ်နှိုးလိုက်သည်။

"ကျန့်ကျန့်...ကျန့်ကျန့်​လေး"

ပြန်ထူးလာခြင်းမရှိသည့်အပြင် နိုးလည်းမလာခဲ့။ ထို့​နောက်ခန္ဓာကိုယ်​အောက်ပိုင်းမှသွေး​တွေအားမြင်လိုက်ရချိန်မှာ​တော့ ဝမ်ရိ​ပေါ်ဘေးမှာ ဆွဲချွတ်ထားသည့်အ​ဝတ်​တွေအား ဖရိုဖရဲဝတ်ပြီး ရှောင်းကျန့်ကိုအဝတ်​တွေနှင့်ပတ်ကာပွေ့ချီလိုက်သည်။

"အပြင်မှာ ဘယ်သူရှိလဲ!!လာကြစမ်း!!!"

//////

မင်းကြီး၏အ​ဆောင်အတွင်း၌ တိတ်ဆိတ်လို့​နေ၏။ သမား​တော်မှလွဲလျှင် အကုန်အပြင်ထုတ်ထားသည့်မင်းကြီး​ကြောင့် အထိန်း​တော်​တွေနှင့်အ​စေခံ​တွေမှာ အသက်ပင်ပြင်းပြင်းမရှူရဲ။

"​အောက်ပိုင်းကညှစ်ကြော​တွေ​ထိခိုက်သွားတာပါ။ အချိန်​တော်​တော်ကြာထိနာကျင်မှုဒဏ်ကိုခံလိုက်ရ​တော့ ပင်ပန်းပြီးသတိလစ်သွားတာပါ"

"ဘယ်​တော့သတိပြန်လည်မှာလဲ!"

"ကျွန်တော်မျိုး​ဆေး​ပေးခဲ့ပါ့မယ်။ ဒီ​ဆေးကိုကျိုပြီးဝင်​အောင်တိုက်​ပေးရင် ည​နေ​လောက်ပြန်သတိလည်လာပါလိမ့်မယ်မင်းကြီး"

"​ကောင်းပြီ။ အပြင်မှာအထိန်း​တော်ကိုဆေး​ပေးခဲ့ပြီးပြန်လို့ရပြီ"

Lotus Flower [Completed]Where stories live. Discover now