ရှောင်းကျန့်အိပ်ပျော်သွားသည်ထိ ချော့သိပ်ပြီး အချုပ်ခန်းဆီဝမ်ရိပေါ်ထွက်လာခဲ့သည်။ အချုပ်ခန်းထဲဝင်လိုက်သည်နှင့် ရှန့်ယိအာ၏အထက်စီးဆန်ဆန်အော်ငေါက်သံတွေက ဆူညံနေသည်။"ထုတ်ပေးလိုက်!"
အချုပ်ခန်းထဲမှမိဖုရားရှန့်ယိအာအား ရဲမက်တွေကဝမ်မင်းကြီးရှေ့ပို့ပေးလိုက်သည်။
"မင်းကြီး ကျွန်တော်မျိုးမမှားမှန်းသိပြီမို့ကြင်ယာတော်ရှောင်းကျန့်ကိုပြန်တောင်းပန်လိုက်ပါ့မယ်။ ကျွန်တော်မျိုးမကိုလွှတ်ပေးပါ"
"မင်းအဲ့လိုတောင်းပန်လိုက်တာနဲ့သေသွားတဲ့သူတွေကပြန်ရှင်လာမှာတဲ့လား"
အသံတိတ်သွားသည့်ရှန့်ယိအာသည် သူ့အားကြည့်သာကြည့်နေသည်။ ဝမ်ရိပေါ် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ ကြံရာပါရဲမက်တွေကိုပါအချုပ်ခန်းထဲမှထုတ်ခိုင်းလိုက်၏။ သူ့ရှေ့တွင်တန်းစီကာဒူးထောက်နေကြရသည့်ကြံရာပါရဲမက်တွေသည် နှိပ်စက်ခဲ့ကြသည်မှာသူတို့မဟုတ်သည့်အတိုင်း တုန်ယင်နေကြသည်။
ဓါးအိမ်ထဲမှသွေးစွန်းနေဆဲဖြစ်သည့်ဓါးသွားအား ဝမ်ရိပေါ်သဘောတကျကြည့်လိုက်သည်။ ထို့နောက်စပ်ကနဲဆိုသလိုအနီးနားတွင်ရှိသည့် ဒူးထောက်နေသည့်ရဲမက်၏လည်တိုင်အားခုတ်ချလိုက်တော့သည်။
ချက်ချင်းအသက်ထွက်သွားသည့် ရဲမက်၏သွေးတွေသည် ရှန့်ယိအာဆီစင်လို့သွားသည်။
"မင်း...မင်းကြီး"
"ကိုယ်တော်က ကျန်တာသည်းခံနိုင်ပေမယ့်ကြင်ယာတော်ရှောင်းကိုထိရင်တော့ သတ်ပစ်ဖို့လည်းဝန်မလေးဘူး။ ဒါ့အပြင်မယ်တော့်ကိုပါ.
.""မှား..မှားမှန်းသိပါပြီ။ အသက်ချမ်းသာပေးပါ"
"ငါမင်းကို ဒီတိုင်းတော့မသတ်ပါဘူး"
"....."
"ညှင်းပန်းပြီးသတ်မှာ။ ခံနိုင်ရည်ရှိအောင်အားမွေးထားပါ။ မင်းရဲ့ခမည်းတော်ရောတိုင်းပြည်ပါ ငါ့လက်ခုပ်ထဲကရေဖြစ်နေပြီမို့မင်းကိုဘယ်သူမှလည်းကယ်နိုင်မှာမဟုတ်တော့ဘူး။ ရဲမက်တွေ!! မိဖုရားကိုအချုပ်ထဲပြန်ထည့်ထားလိုက်"
YOU ARE READING
Lotus Flower [Completed]
Fanfiction||210722|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction King Wang and his lovely Zhan's love story.