အဆောင်တော်တစ်ခုအတွင်းတွင် လျန့်စီ၏ဒေါသရိပ်တွေဖြင့်လွှမ်းမိုးခြင်းခံထားရသည်။ သူမခန္ဓာကိုယ်သည် အားနည်းနေသလိုခံစားနေရသည်။ အကြောင်းရင်းမှာညနေကနန်းတွင်းထဲယူလာသည့်အရိုးစုကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်သူမခြုံထားသည့်အရေခွံ၏အရိုးစု။သူမခြုံထားသည့်အရေခွံအားမူလအတိုင်းမပုပ်မသိုးစေဖို့အတွက် ထိုအရိုးစုကိုအောက်လမ်းဖြင့် ထိန်းချုပ်ကာအားမနည်းစေဖို့ အသုံးပြုခဲ့ပေမယ့် ယခုထိုအောက်လမ်းနှင့်ထိန်းချုပ်ထားသည့် ကြိုးနီကိုဖျက်လိုက်ကြသည်ထင် သူမအရမ်းအားနည်းနေသည်။ ရက်နည်းနည်းကြာလျှင် အပုပ်နံ့ထွက်လာတော့မည်။
သူမအခန်းထဲတွင်အိပ်ပျော်နေတာမှန်း အစေခံတွေသိအောင်မီးမှိတ်လိုက်သည်။ ညသန်းခေါင်ယံကျော်မှတစ်ကိုယ်လုံးပိတ်စအနက်ဖြင့် လွှမ်းခြုံကာနန်းပြင်ထွက်ဖို့လုပ်ရသည်။
အစောင့်တင်းကြပ်လွန်းသည့်နန်းတွင်းမှ သူမလုံးဝမထွက်နိုင်သည်ကြောင့် အရေးအကြောင်းအသုံးပြုရန် ဆောင်ထားသည့်ဓါတ်လုံးလေးအား ပတ်ဝန်းကျင်အခြေနေကြည့်၍မြေကြီးပေါ်ပစ်ချလိုက်သည်။
တံခါးပုံစံမျိုး ထွက်ပေါ်လာသည့်အပေါက်ထဲဝင်လိုက်ချိန်မှာတော့ နန်းတော်၏အဝေးတွင်ရှိသည့်သစ်တောထဲရောက်သွားသည်။ သွားဖူးနေကျလမ်းဖြစ်သည်မို့ ဆက်လျှောက်သွားကာဂူကြီးတစ်လုံးထဲဝင်သွားလိုက်၏။
"အဖွားကြီး!!! လူတစ်ယောက်လုံးလာနေတာတောင် နှုတ်ဆက်ရမယ်ဆိုတာ နားမလည်ဘူးလား!!"
ဂူထဲမှမီးပုံဘေးတွင် ခါးကုန်းနေသည့်အဖွားအိုတစ်ယောက်အားတွေ့ရမည်ဖြစ်သည်။ ထိုအဖွားအိုသည်ရှန့်ယိအာ၏အော်ပြောသံအားအရေးမလုပ်ဘဲ အေးအေးဆေးဆေးသာထိုင်နေသည်။
"ယိအာ..ဘယ်တုန်းကရောက်တာလဲ"
ရုတ်ချည်းဆိုသလို ဂူ၏အတွင်းဘက်နေရာမှ ထွက်လာသည့်ယောက်ျားတစ်ယောက်သည် ရှန့်ယိအာနာမည်အာ္တရင်းတနှီးခေါ်ကာအနားရောက်လာသည်။
YOU ARE READING
Lotus Flower [Completed]
Fanfiction||210722|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction King Wang and his lovely Zhan's love story.