_6_ {Uni}

6K 522 4
                                    


ပြဿနာ​တွေ​ဖြေရှင်းပြီး တစ်ပတ်ကြာသွား​လေပြီ။ ကြင်ယာ​တော်​ရှောင်းကျန့်၏အ​ဆောင်တွင်လည်းမင်းကြီးဝမ်ရိ​ပေါ်သည် တစ်ပတ်လုံး​သောင်တင်​နေသည်။

"အရှင်..."

"​ပြော​လေ ကျန့်ကျန့်​လေး"

"မားနဲ့ပါးဆီ ခနပြန်ချင်တယ်"

ကုတင်​ပေါ်တွင်အဝတ်စားကင်းမဲ့​နေသည့်သူတို့နှစ်​ယောက်သည် စောင်အကူအညီနှင့် မဖွယ်မရာ​တွေကိုဖုံးအုပ်ထားပြီး ​ရှောင်းကျန့်က မင်းကြီးဝမ်ရိ​​​ပေါ်ရင်ခွင်ထဲမှ ခွင့်​တောင်းသလို​လေး​ပြောသည်။

"ကျန့်ကျန့်​လေး​တွေ့ချင်ရင်နန်းတွင်းထဲဖိတ်လိုက်​လေ"

"​နေကြာခင်းဆီလည်းမ​ရောက်တာကြာ​​​တော့ သွားချင်လို့ပါ"

"ကိုယ်​တော်စိတ်မချဘူး"

"ခနပါပဲ ​နေ့ချင်းပြန်လာမယ်​လေ​နော်"

"အလကားမရဘူး"

"အမ်..အဲဒါဆိုပြန်လာရင်မုန့်ဝယ်ခဲ့​ပေးမယ်"

"ကိုယ်​တော်ကမုန့်စားချင်တာမှမဟုတ်တာ"

"ဒါဆိုဘာစားချင်တာလဲဟင်"

"ကျန့်ကျန့်​လေးကိုစားချင်တာ"

"မရဘူး​နော်။ နာ​နေ​သေးတာ.."

"နှစ်ချီ​လောက်ပဲ"

"ဟာ..မရပါဘူးဆို​နေ အရှင်လို့ အ့!"

တားဆီးခွင့်ပင်မရလိုက်ပါဘဲ ​လွှမ်းခြုံသွားသည့်စောင်​အောက်ကနှစ်​ယောက်က​တော့ခရီးဆက်သွားကြ​လေရဲ့။

//////

မိဖုရားရှန့်​ယိအာ၏အ​ဆောင်၌ အမိန့်​ပေးသံ​တွေသည်တိုးတိုးတိတ်တိတ်။

"ဒီ​ဆေးကိုသေချာကျိုပြီးသေရည်ထဲမှာထည့်ခိုင်းလိုက်ပါ နှုတ်လုံပါ​စေ"

​နောက်လိုက်အ​စေခံတစ်​ယောက်အားအမိန့်​ပေးပြီးသည်နှင့်အထိန်း​တော်ကြီးအားဆက်​ပြောသည်။

"မင်းကြီးကို ဒီည​သေရည်တည်ခင်းဖို့အတွက် ဖိတ်ကြားလိုက်ပါ"

အထိန်း​တော်ကြီးထွက်သွားသည်နှင့် ရှန့်ယိအာ၏နှုတ်ခမ်းပါးတွင် အပြုံးတစ်ပွင့်က ​ကောက်ကျစ်စွာချိတ်စွဲသွားသည်။

Lotus Flower [Completed]Where stories live. Discover now