၅ရက်ရှိသွားပြီဖြစ်သည်။ အဖမ်းခံရသည့်ညတည်းက အကျန်တွေလို့ထင်ရသည့်အစားအစာတွေကိုပဲကျွေးသည်။ အစေခံတွေသည်လည်း ဖမ်းခံရသည့်ညတည်းကနှိပ်စက်ခံရသည်။ နှိပ်စက်လို့ဝလျှင် သွေးသံတရဲရဲနှင့်အချုပ်ခန်းထဲပြန်လာပို့သည်။"အားကျန့် အဆင်ပြေရဲ့လား။ ကျဲကိုလှည့်ကြည့်ပါဦး"
အချုပ်ခန်းသုံးခန်းသည်ဘေးချင်းကပ်ဖြစ်သည်ကြောင့် ရှစ်ကျဲသည်တိုင်ကိုမှီရင်းကြောင်တောင်တောင်လေးဖြစ်နေသည့်ရှောင်းကျန့်အားလှမ်းမေးသည်။
"အားကျန့် ဒီကိစ္စက အားကျန့်မမှားဘူး။ လုပ်ကြံချင်တဲ့သူရှိလို့သာအားကျန့်ကဓါးစာခံဖြစ်သွားရတာ"
"မယ်တော်ကြီးဆီမသွားခဲ့ရင် မယ်တော်ကြီးအဲ့လက်ဖက်ရည်ကိုသောက်ဖြစ်မှာမဟုတ်သလို အခုလိုအဖြစ်မျိုးနဲ့လည်းကြုံရမှာမဟုတ်ဘူး"
ရှောင်းကျန့်တကယ်စိတ်မကောင်း။ သူ့ကြောင့်မဟုတ်မှန်းသိပေမယ့် သူ့အပြစ်မကင်းဘူးဟုသာခံစားနေရသည်။ တိတ်ဆိတ်နေသည့်အချုပ်ခန်းသည် ရဲမက်တွေဝင်လာသည့်အချိန်တွင်တော့ဆူညံလို့သွားသည်။
"ခေါ်ခဲ့!!"
ရှစ်ကျဲအားလက်ညိုးထိုးကာခေါင်းဆောင်ဟုထင်ရသည့်တစ်ယောက်ကအမိန့်ပေးလိုက်သည်။ ရှစ်ကျဲအားဆွဲခေါ်သွားသည်ကြောင့်ရှောင်းကျန့် တောင်းပန်နေမိသည်။
"ဟင့်အင်း။ မခေါ်သွားနဲ့ ရှစ်ကျဲမှာအပြစ်မရှိဘူး။ မလုပ်ကြပါနဲ့!!"
"အားကျန့် ကျဲဘာမှမဖြစ်ဘူး။ သူတို့ကျဲကိုဘာလုပ်လုပ် ကျဲအမှန်တိုင်းပဲပြောမှာမို့။ အားကျန့်လည်း ကိုယ်မလုပ်တဲ့ကိစ္စကိုဝန်ခံစရာမလိုဘူး"
ရှစ်ကျဲကို အတင်းဆွဲခေါ်သွားကြသည်မို့ရှောင်းကျန့်ခေါင်းခါရင်းသာ မခေါ်သွားကြဖို့ငိုယိုပြီးတောင်းပန်နေမိသည်။ ရုတ်တရက်ပုခုံးကိုလာကိုင်သည်ကြောင့်ဘေးလှည့်ကြည့်လိုက်လျှင် တစ်ဖက်အချုပ်ခန်းမှကျိယွင်သည် သူ့လက်ထဲပစ္စည်းလေးတစ်ခုထည့်ပေးပြီးမကြာလိုက်။ ခုနကရှစ်ကျဲကိုဆွဲခေါ်သွားသည့်ရဲမက်တွေပြန်ဝင်လာကာ ကျိယွင်ကိုလာခေါ်ကြပြန်သည်။
YOU ARE READING
Lotus Flower [Completed]
Fanfiction||210722|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction King Wang and his lovely Zhan's love story.