_12_ {Uni}

5.5K 435 2
                                    


​ဝေလီ​ဝေလင်းအချိန်အခါတွင်ဖြစ်သည်။ ကျင်​​နေသည့်လက်​မောင်းတစ်​နေရာ​ကြောင့်ချစ်ရသူ​လေးရှိ​နေ​သေးမှန်းသိလိုက်သည်။

"အိပ်​နေရင်​တောင်ချစ်ဖို့​ကောင်း​နေတာပဲ"

မျက်​တောင်​ကော့​ကော့​လေး​တွေနှင့် သူ့လက်​​မောင်းကို​​ခေါင်းအုံးလို့အိပ်စက်​နေသည့်ရှောင်းကျန့်သည် ​နေမထွက်ခင်​တည်းက​ဖူးပွင့်​နေပြီဖြစ်သည့်ပန်း​လေးလိုပင်။

ကျင်​နေသည့်လက်အားဂရုမစိုက်နိုင်ဘဲ ​ရှောင်းကျန့်ရဲ့မျက်နှာ​ပေါ်မှအစိတ်အပိုင်း​လေး​တွေကိုတစ်ခုချင်းလိုက်ကြည့်​နေမိသည်။

"အင်း..."

မျက်ခုံး​လေး​တွေတွန့်ချိုးလို့ နိုးလာပြီဖြစ်သည့်ရှောင်းကျန့်သည် ဝမ်မင်းကြီးကိုမြင်​တော့အလှဆုံးပြုံးပြသည်။ တကယ်ကိုကြည်နူးစရာ။

"အရှင်အ​စောကြီးနိုး​နေတယ်..."

"အင်း"

"အိပ်ချင်​သေးတယ်..."

"အိပ်လိုက်​လေ။ ကိုယ်​တော်ညီလာခံတက်ရဦးမယ်။ မ​နေ့ကလည်းမသွားဖြစ်ဘူး"

"ဟုတ်"

"ပြွတ်စ်! အိပ်လိုက်ဦး​​နော်"

​​ကျော​လေးပုတ်​ပေးပြီးပြန်​ချော့သိပ်​တော့ အသက်ရှူသံပုံမှန်​လေးနှင့်ပြန်အိပ်​ပျော်သွားသည့်ရှောင်းကျန့်။ ​နဖူး​လေးအားအနမ်း​ခြွေလို့ ​ဝမ်ရိ​ပေါ်ရေချိုးလိုက်သည်။ ဂျီယွမ့်အားညီလာခံတက်ရန်အမတ်​တွေဆီအ​ကြောင်းကြားခိုင်းကာ သူက​တော့ရှောင်းကျန့်၏ကိုယ်ပိုင်ဥယျာဥ်​လေးထဲတွင်ပန်း​ပင်လေး​တွေကို​ရေ​​လောင်း​ပေး​ပြီးမှအေး​အေး​ဆေး​ဆေးသွားလိုက်၏။

ညီလာခံတွင်​တော့ မိုးမလင်း​သေးဘဲညီလာခံထ​ခေါ်သည့်မင်းကြီး​ကြောင့် အမတ်​တွေမှာတချို့ဆိုမျက်လုံး​တောင်​သေချာမဖွင့်နိုင်​သေး။ မ​နေ့ကလည်းတနေကုန်နီးပါး မတ်တပ်ရပ်​စောင့်​နေရပြီး ဒီ​နေ့လည်းအိပ်​ကောင်း​နေချိန် ကမန်းကတန်းထလာရ​တော့ ​ရေ​မချိုးခဲ့ရတဲ့သူ​တွေ​တောင်ပါ၏။

Lotus Flower [Completed]Where stories live. Discover now