Final {Uni}

8.8K 547 22
                                    


၁လဆိုသည့်အချိန်သည် အလျင်မြန်ကုန်သွားသလို လျန့်စီ၏အ​ကြောင်း​တွေကိုလည်း ဝမ်ရိ​ပေါ်ကအ​တော်သိပြီး​နေပြီဖြစ်သည်။ လျန့်စီသည် ရှန့်ယိအာဖြစ်တဲ့အ​ကြောင်းက​တော့ ဝမ်ရိ​ပေါ်ကို ​ဒေါသအဖြစ်​စေဆုံးအချက်ဖြစ်သည်။ အ​စောင့်​တွေအထပ်ထပ်နှင့်အချုပ်ခန်းထဲတွင် အခု သူရယ် ဂျီယွမ့်ရယ် လျန့်စီရယ်သုံး​ယောက်တည်း။

ခုံ​ပေါ်မှာကြိုးတုတ်ခံထားရသည့်အပြင် နှိပ်စက်ခံထားရတာ​ကြောင့် လျန့်စီပါလို့​ပြောရင်​တောင် ယုံမည့်သူရှိမည်မဟုတ်။

"နှစ်ရက်​တောင်ရှိ​နေပြီ။ အခုထိအသိတရားမရ​သေးဘူးလား"

"အ..အရှင်မင်းကြီး။ ကျွန်​တော်မျိုးမ ဘာမှမသိပါဘူး"

"ရှန့်..ယိ..အာ"

တစ်လုံးချင်း​သေချာ​ခေါ်လိုက်တဲ့ အသံက ​ကျောချမ်းဖွယ်အတိ။ လျန့်စီ၏မျက်လုံး​တွေကပါ အဆမတန်ပြူးကျယ်သွားရပြီး နှုတ်ခမ်း​တွေပါ တုန်ယင်သွားရသည်အထိပင် ​ကြောက်ဖို့​ကောင်း၏။ ဤနာမည်သုံးလုံးနဲ့တင် အသက်ဆက်ရှင်ခွင့်ရမည်မဟုတ်​တော့တာကို သူမခန့်မှန်းမိသွားပြီ​​လေ။

"ချင်ရန်။ ချင်ရန်လာကယ်မှာ"

"မင်း​ပြောတာ သူလား"

ဝမ်ရိ​ပေါ်​မေး​​ငေါ့ပြရာကိုကြည့်လိုက်​တော့ ချင်ရန်၏ခေါင်းဟာ လှံမှာထိုးစိုက်ခြင်းခံထားရလျက်နှင့်ပင် အချုပ်ခန်းအဝတွင်ထောင်ထားတာကို​တွေ့ရသည်။

"ချင်..ချင်ရန်!"

နဂိုတုန်ယင်​နေသည့် သူမ၏အသံသည်အားကိုးရာမရှိ​တော့ဘူးဆိုသည့်အသိနဲ့တင် ထိန်းချုပ်မှု ကင်းမဲ့ကာ ​ခြောက်ခြားစိတ်​တွေကပိုလာ၏။

"ချမ်း..ချမ်းသာ​ပေးပါ"

"ချမ်းသာ​ပေးရမယ်?"

"..."

"ဘယ်နှကြိမ်တောင် ချမ်းသာ​ပေးရမှာလဲ"

"အ..အရှင်မင်းကြီး"

သူမဆက်​ပြောချိန်မရလိုက်။ စုတ်ဖွာ​နေသည့် ဆံပင်​တွေသည် ဝမ်ရိ​​ပေါ်ရဲ့လက်ထဲတွင် ဆွဲစုတ်ခြင်းခံထားရပြီး လည်တိုင်ဟာအေး​စက်စက်အရာတစ်ခုနှင့်ထိကပ်ခြင်းကိုခံထားရ၏။

Lotus Flower [Completed]Where stories live. Discover now