_2_ {Uni}

7.6K 676 6
                                    


"မင်းကြီးဆီက သဝဏ်လွှာကျပါတယ်!!"

​ရှောင်းအိမ်​တော်၏ အိမ်​ရှေ့မှအော်သံ​ကြောင့် လမ်းသွားလမ်းလာ​တွေကရပ်ကြည့်​နေပြီး အိမ်​တော်ထဲက ​ရှောင်းသခင်ကြီးနှင့်သခင်မထွက်လာသည်။

"အမိန့်တော်အရ ဤအိမ်​တော်ရဲ့ သား​ ​ရှောင်းကျန့်အား ဝမ်မင်းကြီးမှ လက်ထပ်ထိမ်းမြားလို​တာ​ကြောင့် မနက်ဖြန်ချက်ချင်း နန်း​တော်ထဲသို့ဝင်ခဲ့ဖို့အမိန့်ကျပြီး ​တောင်​ဆောင်​တော်မိဖုရား(ဒုတိယအဆင့်အမြင့်ဆုံး)အဖြစ် ဘွဲ့ချီးမြှင့်​ပေးလိုက်ပါတယ်"

​ရှောင်းသခင်ကြီးနှင့် သခင်မကြီးမှာအမိန့်​တော်ကြား​တော့မျက်ရည်​တောင်ကျမိသည်။​ တောင်​ဆောင်​တော်မိဖုရား၏အ​ထက်တွင် ​တောင်ညာစံမိဖုရား(မိဖုရား​ခေါင်ကြီး)ပဲရှိ​တော့သည်မဟုတ်လား။ ဒီဘွဲ့ကလည်း ဘုရင့်သမီး​​တော်တွေ၊ မြို့စားမင်း နယ်စားမင်း​တွေရဲ့သမီး​တော်​တွေနှင့်ထိမ်းမြှားမှ​ပေးရမည့်ဘွဲ့ဖြစ်တာကို သူတို့လို ရိုးရိုးကုန်သည်သူ​ဌေးနှင့် လားလာမျှမသက်ဆိုင်တာ​ကြောင့်ပင်။

"​ကျေးဇူး​တော် ကြီးမြတ်လှ​ကြောင်းပါမင်းကြီး"

​ရှောင်းသခင်ကြီး၏ အော်​ပြောသံကြားတာ​​တောင် ရှောင်းကျန့်မှာယခုထိမယုံကြည်နိုင်​သေး။ လက်​လေးကိုလာကိုင်ပြီး ​ဝမ်းသာလွန်းလို့ငို​ကြွေး​နေတဲ့မိခင်​ကြောင့် မျက်ရည်​တွေကလည်း အထိန်းကွပ်မရှိဘဲ ကျဆင်းလာ​တော့သည်။ လက်ထဲ​ရောက်လာပြီဖြစ်သည့် ဘွဲ့သဝဏ်လွှာကိုလည်း ​ကြောင်ပြီးသာကြည့်​နေမိ​သည်။

"အားကျန့်..ငါ့​မောင်​လေး ဂုဏ်ပြုပါတယ်"

ရှစ်ကျဲကလည်း သူ့ကိုဖက်ကာငိုသည်။ ကျိယွင်ကိုလှမ်းကြည့်​တော့လည်း တစ်သက်​လုံး​ရှောင်းကျန့်မမြင်ဖူးခဲ့သည့်အပြုံးနှင့် သူ့ကိုပြုံးပြီးကြည့်​နေ၏။

ညဘက်တွင်​တော့ ရှစ်ကျဲက သူ့အဝတ်စား​အနည်းငယ်ကိုထုတ်​​ပေးပြီး ဧည့်ခန်းထဲမှာအလွမ်းသည်​နေကြသည့် ​ရှောင်းကျန့်ဆီ​ရောက်လာသည်။

"ပါး...မား သမီး အားကျန့်​လေးရဲ့ အထိန်း​တော်အဖြစ်လိုက်သွားမယ်"

Lotus Flower [Completed]Where stories live. Discover now