ဦးငယ်နဲ့ လွန်းလေးအကြောင်းကိုပြောရမယ်ဆိုရင်....အရင်လိုပါဘဲ....မပြောင်းမလဲပေါ့...
ဦးငယ်ရဲ့ အမုန်းတွေနဲ့နှောင်ဖွဲ့ထားတဲ့ လွန်းလေးရဲ့ အိမ်ထောင်ရေးပေါ့ဗျာ.........
ဦးငယ်က အခုဆို အရင်ကထက်ပိုပြီးသွေးဆိုးလာတယ်....
အရက်သောက်တာ လွန်းလေးမကြိုက်မှန်းသိလို့ အမြဲတမ်းရှောင်တဲ့ ဦးငယ်...အခုတော့ လွန်းလေးကိုရွဲ့စောင်းပြီးညတိုင်းမူးမူးရူးရူးနဲ့ ပြန်လာလေရဲ့....
အိမ်ရောက်ပြန်ရင်လည်း ဦးငယ်က လွန်းလေးကိုလူသတ်သမားရဲ့ သားဆိုပြီး ဆူပူကြိမ်မောင်းခံ...အရိုက်ခံရတာလည်း အမြဲပါ....
လွန်းလေးကိုဦးငယ်ရိုက်တာမနာပါဘူး....
ဘာလို့ဆို ဒီနာကြင်မှုက ဦးငယ်... ဦးငယ် မေမေ ကိုဆုံးရှုံးခဲ့ရတဲ့ အချိန်တုန်းက ဦးငယ်ခံစားခဲ့ရတဲ့နာကြင်ခံစားမှု..သောက တွေကို မှီမှ မမှီနိုင်တာဘဲ...
ဒီလို အရိုက်ခံပြီးရလာတဲ့ နာကြင်မှုလောက်တော့ လွန်းလေးအံကြိတ်ပြီး သီးခံနိုင်ပါတယ်....
တခါတလေများဆို လွန်းလေးတစ်ယောက်တည်းအိမ်မှာရှိချိန်ဆို မား..ပါးနဲ့...မမမှူးကိုသိပ်သတိရတာဘဲ....
လွမ်းလိုက်တာ.....အားလုံးအဆင်ပြေလောက်မှာပါနော်.....
လွမ်းလွန်းလို့ တခါတရံ အိမ်ကို အပြေးသာပြန်လိုက်ချင်တယ်.........ဦးငယ်ကို လွန်းလေး မခွဲနိုင်လို့သာ အခုလို စိတ်ကူးလေးသာယဥ◌် ယုံ ယဥ◌် ခဲ့တာပါ.....ဦးငယ် တယောက်တည်းအထီးကျန်နေမှာ...ခံစားနေရမှာကို လွန်းလေးမကြည့်ရက်ဘူးလေ........
ဦးငယ်သိလား...အခုတလောလေ ညရောက်လာရင် လွန်းလေး အသက်ရှူတအားကြပ်တယ်.....တခါတလေဆိုအိမ်ထဲမှာနေရတာအသက်ရှူရအဆင်မပြေလို့ အိမ်ပြင်မှာထွက်ထိုင်ခဲ့ရသေးတယ်........အဲ့အချိန်ဆို ဦးငယ်ကအပြင်မှာအကိုစူးရှနဲ့ အဆင်ပြေနေလောက်ရောပေါ့လို့တွေးနေမိသေးတယ်......အဲ့ခံစားချက်ကြီးကအရမ်းခံရခက်တယ်သိလားဦးငယ်.....
အတွေးလွန်နေရင်း ခြံရှေ့မှာကားသံကြားတော့မှလွန်းလေးအသိပြန်ဝင်လာခဲ့သည်..........
YOU ARE READING
ရူးမတတ်အောင်ချစ်ခဲ့ရပါတယ်ဦးငယ်...သို့သော်
Short Storyအချစ်ဆိုတာကဖြေရှင်းရခက်တဲ့ပုစ္ဆာတစ်ပုဒ်ဘဲနော်ဦးငယ်..... ဦးငယ်ကလည်း ကျွန်တော်နားလည်ဖို့မဖြစ်နိုင်သေးတဲ့ပုစ္ဆာတစ်ပုဒ်ပါဘဲ... ကျွန်တော်ဦးငယ်ကိုနားလည်ဖို့ကြိုးစားလေဦးငယ်က ကျွန်တော်နဲ့ဝေးရာကိုပြေးလေနဲ့ဒီလိုက်တမ်းပြေးတမ်းကစားနည်းကဘယ်တော့များမှပြီးမှာလဲမသိ...