'စူးသိလား.....'
'အင်း...ပြောလေ ကိုကို....စူးနားထောင်နေတယ်...'
'ဦးသီဟနိုင်က ကိုယ့်အဖေအရင်းမဟုတ်ဘူးတဲ့....ဟက်..ဘယ်လောက်တောင်ရယ်ရတဲ့ ဟာသလဲ...???'
'ဟမ်....ဦးသီဟနိုင်..???ကိုကိုပြောတော့ ကိုကို့အဖေကသူဆို..အခုက ဘယ်ကနေဘယ်လို...??'
'စူးမှတ်မိလား...စူးကိုကိုယ် လွန်ခဲ့တဲ့နှစ်ရက်လောက်က ခွန်းလွန်းသော်တို့အိမ်ကို တိတ်တိတ်ကလေးသွားပြီးပစ္စည်းယူခိုင်းလိုက်တာလေ....'
'ခေါင်းဖီး....ဟုတ်တယ်..အဲ့တာယောက်ျားလေးခေါင်းဖီးလေ....'
'အင်း...စူးယူလာတဲ့ဟာက ဦးသီဟနိုင်ရဲ့ ဘီး...'
'ဘာလုပ်ဖို့ယူခိုင်းတာလဲ....??'
'ကိုယ်စိတ်ထဲထင့်နေတာနဲ့ ဦးသီဟနိုင်နဲ့ ကိုယ့်ရဲ့ DNAကို စစ်ကြည့်ဖို့ဘဲ...အဲ့နေ့က စူးယူလာပေးတဲ့ခေါင်းဖီးမှာပါလာတဲ့ဆံပင်နဲ့ ကိုယ့်ဆံပင်ကိုစစ်ကြည့်လိုက်တာ..ဒီနေ့ဘဲအဖြေထွက်တယ်...သူနဲ့ ကိုယ်က သွေးသားတော်စပ်မှုမရှိဘူးတဲ့....'
'ဒါပေမဲ့ ကိုကို့အမေက......'
'ဟောဒီမှာတွေ့လား.....???'
စိုးစံထက်ဟာ စူးရှစီကို သားရေစာအုပ်အနက်လေးကို မြှောက်ကာပြရင်းစကားဆိုလာပြန်သည်...
'ဒီထဲမှာ အားလုံးအဖြေရှိတယ်..စူး....'
'ဟမ်..ဒီစာအုပ်က...'
'ကိုယ့်အမေရဲ့ diary...ကိုယ့်အမေဆုံးတဲ့နေ့ထဲက ကိုယ်ဖွင့်မကြည့်ဖြစ်ဘဲ သိမ်းထားခဲ့တာ...ကိုယ်ဒီနေ့မှ ဖတ်ကြည့်ဖြစ်တာ...မေမေက ဦးသီဟနိုင်ကို တိတ်တခိုးသဘောကျနေတာ.....သူနဲ့လည်း ကလေးမရခဲ့ဘူး...ဒါပေမဲ့ သူက ဦးသီဟနိုင်နဲ့ အနေနီးချင်လို့ ကိုယ့်ကို လွယ်ခဲ့တာ....တခြားသူနဲ့ရတဲ့ ကိုယ့်ကို မေမေက ဦးသီဟနိုင်စီသွားပြီး သူနဲ့ရတဲ့ ကိုယ်ဝန်ပါလို့ ငိုယိုလုပ်ကြံပြောခဲ့တာတဲ့.....'
'ဒီတော့...'
'စူးသိလား....ကိုယ်အဲ့ကိစ္စကိုသိလိုက်ရတော့ ကိုယ်အရမ်းပျော်သွားတာ....'
YOU ARE READING
ရူးမတတ်အောင်ချစ်ခဲ့ရပါတယ်ဦးငယ်...သို့သော်
Short Storyအချစ်ဆိုတာကဖြေရှင်းရခက်တဲ့ပုစ္ဆာတစ်ပုဒ်ဘဲနော်ဦးငယ်..... ဦးငယ်ကလည်း ကျွန်တော်နားလည်ဖို့မဖြစ်နိုင်သေးတဲ့ပုစ္ဆာတစ်ပုဒ်ပါဘဲ... ကျွန်တော်ဦးငယ်ကိုနားလည်ဖို့ကြိုးစားလေဦးငယ်က ကျွန်တော်နဲ့ဝေးရာကိုပြေးလေနဲ့ဒီလိုက်တမ်းပြေးတမ်းကစားနည်းကဘယ်တော့များမှပြီးမှာလဲမသိ...