ကျေးဇူးတင်လွှာ
အားလုံးဘဲ...နောက်ဆုံးတော့ ပုံပြင်တစ်ပုဒ်ရဲ့အဆုံးသတ်ကိုတို့တွေအားလုံးရောက်ရှိခဲ့ကြပြီနော်...ပုံပြင်လေးတစ်ပုဒ်...ဟုတ်တယ်..သိပ်ကိုဝမ်းနည်းဖွယ်ကောင်းပြီး သိပ်ကိုလှပတဲ့အခိုက်အတန့်လေးတွေရှိခဲ့တဲ့ ဖြစ်ရပ်မှန် ပုံပြင်လေးတစ်ပုဒ်....ကိုယ်ဟာစာရေးဆရာတစ်ယောက်ပေမဲ့ ကဗျာတွေစာတွေတော့မဖွဲ့တတ်ပါဘူး..ဒါပေမဲ့တစ်ခုတော့ သာသာပြောပါရစေ..နောင်ဘဝမှာသာခင်ဗျားတို့(ဦးငယ်..လွန်းလေးနဲ့ ဦးနိုင်)ချစ်ရသူလေးတွေပြန်တွေ့ခဲ့ကြရင်သိပ်ကို လှပပြီးကံကောင်းခြင်းဆုလာဘ်တွေနဲ့ပြည့်နေတဲ့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါရစေနော်..ဒီလိုဘဲ ဒို့တတွေဟာလောကကြီးထဲမှာဇာတ်ဆရာအလိုကျကနေရတဲ့ရုပ်သေးရုပ်လေးတွေဖြစ်နေသရွေ့တော့ ခက်ခဲမာကြောလွန်းလှတဲ့ လောဂဓံဆိုတဲ့အရာကြီးကိုခေါင်းမာမာနဲ့ဖြတ်သန်ရဦးမှာဘဲလေ...အခက်အခဲဆိုတာတော့ရှိမှာပေါ့...အဲ့အခက်အခဲတိုင်းကိုခင်ဗျားလေးတို့အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနိုင်ပါစေနော်..သာသာချစ်ရတဲ့ကလေးတွေလည်း အခုလို ဇာတ်လမ်းလေးရဲ့ အဆုံးအထိသူတို့လေးတွေနဲ့အတူလိုက်ပါလာခဲ့ပေးလို့ကျေးဇူးပါရှင့်...ဇာတ်လမ်းလေးကိုပြောပြပြီးရေးသားခွင့်ပေးခဲ့တဲ့ သူလေးရေကျေးဇူးပါနော်..သာသာအကောင်းမွန်ဆုံးဖြစ်အောင်တော့ သာသာတတ်စွမ်းသလောက်ကြိုးစားပြီးရေးပေးထားပါတယ်ရှင့်..လိုအပ်ချက်တွေအမှားတွေပါခဲ့ရင်လည်းသာသာဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ်နော်...အစအဆုံးကို သာသာချစ်လေးတွေကစိတ်ရှည်ရှည်နဲ့စောင့်ပြီးဖတ်ပေးတဲ့အတွက်လည်းကျေးဇူးကမ္ဘာပါနော်.....သာသာ့ကလေးတွေပေးလိုက်တဲ့ အကြံပြုချက်လေးတွေ ကြယ်လေးတွေတစ်ခုချင်းစီတိုင်းကသာသာတို့လိုစာရေးသူတွေအတွက် အားတစ်ခုဖြစ်ခဲ့ရပါတယ်.....နည်းတယ်များတယ်လို့သာသာမပြောပါဘူး...ဘာဘဲဖြစ်ဖြစ် သာသာရေးထားတဲ့စာလေးတွေကို ဖတ်ပေးတဲ့ ကလေးလေးတစ်ယောက်တည်းရှိမယ်ဆိုရင်တောင် သာသာကတော့ စာတွေဆက်ရေးနေဦးမှာပါ...ကလေးလေးတို့ရေ...သာသာ့ကိုချစ်ပေးပြီးအားပေးတဲ့အတွက် ထပ်လဲပြီးကျေးဇူးတင်ပါရစေ...
YOU ARE READING
ရူးမတတ်အောင်ချစ်ခဲ့ရပါတယ်ဦးငယ်...သို့သော်
Short Storyအချစ်ဆိုတာကဖြေရှင်းရခက်တဲ့ပုစ္ဆာတစ်ပုဒ်ဘဲနော်ဦးငယ်..... ဦးငယ်ကလည်း ကျွန်တော်နားလည်ဖို့မဖြစ်နိုင်သေးတဲ့ပုစ္ဆာတစ်ပုဒ်ပါဘဲ... ကျွန်တော်ဦးငယ်ကိုနားလည်ဖို့ကြိုးစားလေဦးငယ်က ကျွန်တော်နဲ့ဝေးရာကိုပြေးလေနဲ့ဒီလိုက်တမ်းပြေးတမ်းကစားနည်းကဘယ်တော့များမှပြီးမှာလဲမသိ...