('ပါး.........သားတို့ဒါကဘယ်ကိုသွားနေတာလဲဟင်..???'
၅နှစ်သားကလေး ခွန်းလွန်းသော်ဟာသူ့လက်ကိုဆွဲပြီး မျက်နှာသေနဲ့ လမ်းလျှောက်နေသူသူ့ဖေဖေဘက်ကိုလှည့်ကာမေးလိုက်ခြင်းပင်...........
'ပါး........ပါး......သားမေးတာဖြေဦးလေ.....ဘယ်ကိုသွားမလို့လဲ....??လည်လည်လား....??မားတို့ မမတို့လည်းမခေါဘူး......'
'သားငယ်..........ပါး...ပါး....တောင်းပန်ပါတယ်..........'
'တောင်းပန်တယ်.....??ဘာလို့လဲပါးရဲ့....??ပါးဘဲပြောတယ်လေ..တောင်းပန်တယ်ဆိုတာကကိုယ်ကအပြစ်လုပ်ထားမှတောင်းပန်ရတာဆို...ပါးက သားအပေါကိုဘာလုပ်ထားလို့လဲဟမ်.....???'
'ခွင့်မလွှတ်နိုင်စရာအမှားပေါ့သားရယ်....သားငယ်.......လာ...ပါးတို့ဟိုးကိုသွားကြည့်ရအောင်.......'
လွန်းလေးဟာ သူ့ဖေဖေလက်ညိုးထိုးရာကိုကြည့်လိုက်တော့ အိမ်ကြီးတစ်ခု...ထိုအိမ်ထဲကလည်းများပြားလှတဲ့ လူတွေဟာဝင်လိုက်ထွက်လိုက်နဲ့ပေါ့.....
'ပါး.......အလှူလားဟမ်....???'
'နာရေးလေသားငယ်.........'
'နာရေး.....????'
'အင်း.........အန်တီလှလှတစ်ယောက်ဆုံးသွားလို့လေ...'
'အော်..........'
'ပါးတို့သတင်းဝင်မေးကြရအောင်နော်.........သားငယ်......'
'ဟုတ်.........'
သို့သော် သူတို့အိမ်ခြံဝန်းထဲမရောက်မှီမှာဘဲခြံထဲက လူပျိုပေါက်အရွယ်ကောင်လေးတစ်ယောက်က ပြေးထွက်လာကာ
'ခင်ဗျားဒီကိုဘာလာလုပ်တာလဲ ဦးသီဟနိုင်.........ခင်ဗျားမို့ဒီကိုလာရဲသေးတယ်နော်........ဟက်...ဘာလဲ.....သေသွားတဲ့ ကျွန်တော့်အမေ တကယ်များသေသွားရဲ့လားလို့ လာစစ်ဆေးတာလား.....???'
'သား.......အဲ့လို..အဲ့လိုမဟုတ်ပါဘူးကွာ.....ဖေဖေက...'
'ဘာသားလဲ.....??ဘယ်သူက ခင်ဗျားသားလဲ.......???ဟမ်....'
'ဖေဖေတောင်းပန်ပါတယ်.......ဖေဖေ'
'ဒီမှာ...ခင်ဗျား..ကျွန်တော့်ဘဝထဲက အပြီးအပိုင်ထွက်သွားပါတော့ ဦးသီဟနိုင်....ခင်ဗျားကြောင့် ကျွန်တော့်မေမေသေခဲ့ရတာ..ခင်ဗျားကြောင့်..ကျွန်တော့်မိသားစုဘဝလေးပျက်ခဲ့ရတာ....ခင်ဗျားကတော့...ခင်ဗျားကတော့..အဟက်...ကျွန်တော်တို့နောက်ကွယ်မှာသာယာနေမှာပေါ့....ခင်ဗျားမို့ဗျာ...ကျွန်တော့်အမေရက်လည်မှာ ဟိုမိန်းမယုတ်ရဲ့ သားကို လက်ဆွဲခေါပြီးကျွန်တော်တို့အိမ်ရိပ်ကိုလာနင်းရဲတယ်....တောက်........'
YOU ARE READING
ရူးမတတ်အောင်ချစ်ခဲ့ရပါတယ်ဦးငယ်...သို့သော်
Short Storyအချစ်ဆိုတာကဖြေရှင်းရခက်တဲ့ပုစ္ဆာတစ်ပုဒ်ဘဲနော်ဦးငယ်..... ဦးငယ်ကလည်း ကျွန်တော်နားလည်ဖို့မဖြစ်နိုင်သေးတဲ့ပုစ္ဆာတစ်ပုဒ်ပါဘဲ... ကျွန်တော်ဦးငယ်ကိုနားလည်ဖို့ကြိုးစားလေဦးငယ်က ကျွန်တော်နဲ့ဝေးရာကိုပြေးလေနဲ့ဒီလိုက်တမ်းပြေးတမ်းကစားနည်းကဘယ်တော့များမှပြီးမှာလဲမသိ...