💖အချစ်ဦး💖
အပိုင်း-၃
ကိုဝင်ရမဲ့ စာသင်ဝိုင်းကိုလာတော့ ကောင်လေးတစ်ယောက်ထိုင်နေတာကိုတွေ့သည် ကောင်လေးသာပြောတာ မျက်နှာလေးက ဖြူဖွေး နုဖတ်နေတာဘဲ တွေ့တွေ့ချင်းယောင်္ကျားလေးအချင်းချင်း ချီးမွမ်းမိတာ ပထမဆုံးပင်
ခုလည်း ကို့ဘေးနားမှာ စာကို အာရုံစိုက်ပြီကျက်နေလေသည် ကိုငေးနေမိတာ မမထားတွေ့သွားသည်ထင်၏
မြူ
ဗျာ အမ
မြူအကြောင်းတွေကို အမကြားထားသလောက်ကြားထားပြီးပြီး အဲ့တော့ ကလေး အမပြောမယ် သားအရင်က ဘယ်လိုလဲတော့မသိဘူး ခုတော့ စာကိုတစိုက်မတ်မတ်လုပ်စေချင်တယ် တစ်နှစ်ထဲနဲ့ အောင်အောင် လုပ် ကြားလား
ဟုတ်ကဲ့
အေအေ ကျက်ကျက်
ဒီလိုနဲ့ဘဲ ကနာတို့ အဆာင်တက်တာ နှစ်လလောက်ရှိခဲ့ပြီ နိုတို့အဖွဲ့နဲ့ မြူနဲ့တော့ ငယ်ပေါင်းကြီးဖော်တွေလို အဆင်ပြေနေသည်
ကနာ ကနာရေ
အေပြောလေ မြူ
ငါ့ကိုဒါလေး ရှင်းပြပါလား
အင် ခုနကဘဲ သင်တာကို
နောက်မှ ပွားပါကွာ အမပြန်တွက်ခိုင်းလို့ ငါမရရင် ဆူခံထိဦးမှာ သိသားနဲ့
အစကတည်းက ဆရာမသင်တာ သေချာနားထောင်လေကွာ
ငါအိပ်ငိုက်သွားလို့ပါ မင်းကငါ့ကိုညိုညင်ပြီပေါ့ခုတော့
အိပ်ငိုက်သွားတာလား ဖွန်ကြောင်လိုက်တာလား
ဟီးဟီး မင်းကလည်း မဟုတ်ပါဘူးကွာ
မဟုတ်ရင်လည်း ပြီးတာဘဲ
..........
နားလည်လား
နားလည်တယ် ဟုဆိုကာ ကနာပေါင်ကိုခေါင်းအုံး၍ ခုနက ရှင်းပြတဲ့ အပုဒ်ကို ပြန်ကြည့်နေလေသည်
မြူဖယ်ကွာ ဝေးဝေးသွားအိပ် ငါစာကျက်မလို့
ခဏလေးပါကွာ မင်းကလည်း
အဟွန်း အဟွန်း
မြူက နိုချောင်းဟန့်သံကြား၍ ထလိုက်ကာနိုချောင်းဆိုးနေတာလား