💖အချစ်ဦး💖
အပိုင်း-၁၈
သုံးနှစ်ခန့်ကြာသော်...
ခုဆိုရင်ကနာနဲ့မြူချစ်သူဖြစ်တာ သုံးနှစ်ကျော်လေးနှစ်ထဲကိုဝင်လာပါပြီး မြူကလေးနှစ်ထဲနဲ့ကျောင်းပြီးမယ်ဆိုေပမဲ့ မဟာတန်းကိုဆက်တက်သောကြောင့်နောက်ထပ်၂နှစ်ဆက်တက်ရပါသည် ကနာကတော့နောက်ဆုံးနှစ်final yr....
သုံးနှစ်တာ ဖြတ်သန်းခဲ့တဲ့အတွင်းမှာ ကျွန်တော်တို့ချစ်သူနှစ်ယောက်ကြားမှာ ပြသနာမဖြစ်သလောက်ရှားပါတယ်
သိပ်မတွေ့ရတာကလွဲရင်ပေါ့လေ သိပ်မတွေ့ရတဲ့အကြောင်းကလည်း ကျွန်တော့ချစ်သူလေးက စာမှစာတဲ့ဗျာ ညဆိုလည်း ဖုန်းကိုမိနစ်သုံးဆယ်လောက်ဘဲပြောရမယ်ဆိုပြီး သတ်မှတ်ထားတာ တစ်ပတ်ကိုတစ်ရက်လေးတော့ တွေ့ခွင့်ပေးပါဆိုပြီး အသနားခံထားလို့သာပိတ်ရက် နှစ်ရက်ထဲက အဆင်ပြေတဲ့တစ်ရက်ကို တွေ့ခွင့်ရတာ အဲ့ဒါတောင်တစ်နေ့လုံး မထင်လိုက်နဲ့နော် တစ်နာရီ နှစ်နာရီလောက်ဘဲ ဒါပေမဲ့လည်းဘယ်လိုလုပ်မလဲဗျာ ကျွန်တော်က သိပ်ချစ်ရတာကိုး....မြူလည်း အတွေးကို အဆုံးသတ်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်
ငါ့ကောင်ကြီး ဘယ်လိုဖြစ်လို့ သက်ပြင်းတွေချနေရတာလဲ ဘာလဲ ကောင်လေးနဲ့ အဆင်မပြေလို့လား
မဟုတ်ပါဘူးဆန်းရာ
အို ဒါဆိုဘာလဲ မင်းငါနဲ့တွေ့ဖို့လည်း ချိန်းသေးတယ် ပြီးတော့ သက်ပြင်းကြီးဘဲချနေတာ ဆယ်မိနစ်လောက်ရှိနေပြီးကွ
Sorryပါကွာ မင်းနဲ့မာယာအခြေနေက ဘယ်လိုလဲ ပြောပါဦး
ငါနဲ့လား အဆင်ပြေပါတယ် ငါတို့တစ်ယောက်ခံစားချက်ကို တစ်ယောက်တော့ နားလည်နေပါပြီး ငါဖွင့်ပြောဖို့ဘဲကျန်တော့တာ
အဲ့ဒါ မင်းက ဘာကို အချိန်ဆွဲနေတာလဲ
အချိန်ဆွဲတာတော့ မဟုတ်ပါဘူး ဒါပေမဲ့
....
ဒါပေမဲ့ကွာ မာယာ့မိဘတွေက ပိုက်ဆံချမ်းသာတယ် ငါကကျတော့ သာမာန်ဝန်ထမ်းတစ်ယောက်လေကွ
ဟာဆန်းရာ အချစ်မှာ အဲ့ဒါတွေမလိုပါဘူးကွာ မင်းကလည်း အတွေးမချော်စမ်းပါနဲ့ မင်းအချိန်မဆွဲဘဲ ဖွင့်ပြောလိုက်တော့