💖အချစ်ဦး💖{၁၇}

213 15 0
                                    

💖အချစ်ဦး💖

အပိုင်း_၁၇

တစ်နှစ်ခန့်ကြာသော်...

မြူ ဖေဖေပါလား ဘာဖြစ်နေလဲမသိဘူး...

ကနာ ကျောင်းကအပြန် လမ်း၌ ကားဘေးနားတွင် နာရီ တကြည့်ကြည့်နဲ့ ဟိုဘက်လျှောက် ဒီဘက်လျှောက်နှင့်မြူ၏ဖခင်ကိုတွေ့သောကြောင့် ကားရပ်ကာ...

ဟို အန်ကယ် ဘာများဖြစ်လို့လဲမသိဘူး ဘာများကူညီပေးရလဲခဗျ

အန်ကယ် ဒီနားမှာ အရေးတကြီးချိန်းထားတဲ့ ကိစ္စလေးရှိလို့ ဖြစ်ချင်တော့ အန်ကယ့်ကားကလည်း ဘာဖြစ်သွားလဲမသိဘူး အဲ့ဒါ ကားပြင်ဆရာကိုတော့ ဖုန်းဆက်ခေါ်ထားတာဘဲ

အော် ဟုတ်ကဲ့ ကျွန်တော်ကူညီပေးရမလားခဗျ

အဲ့ဒါဆိုရင်တော့ အန်ကယ်က ကျေးဇူးအများကြီးတင်ပါတယ်

ရပါတယ်ဗျ

ကားပေါ်တွင်...

သားက engineerတက်နေတာလား

ဟုတ်ကဲ့ပါအန်ကယ် တတိယနှစ်ပါ

အော် သားရောက်ပြီး အဲ့ဆိုင်ဘဲ

ဟုတ်ကဲ့ပါခဗျ

ကျေးဇူးပါဘဲကွာ ဒါကအန်ကယ့် Business card
နောက်တစ်ခါဆုံရင် အန်ကယ်ကျေးဇူးဆပ်ပါ့မယ်

ဟာ ရပါတယ် အန်ကယ်ရယ် အဲ့လောက်မလိုပါဘူးဗျ

ဟားး ဟုတ်ပါပြီကွာ ဒါဆို အန်ကယ့်ကို ခွင့်ပြုဦး

ဟုတ်ကဲ့ခဗျ

ကားပေါ်ကဆင်းပြီး ဦးဆစ်တစ်ယောက်တော့ မှိုရတဲ့မျက်နှာနဲ့ ဆိုင်ထဲကိုဝင်သွားလေသည် တကယ်တော့ သားချစ်သူဟာယောင်္ကျားလေးဆိုတာသိရကတည်းက သားချစ်သူဖြစ်တဲ့ကနာ အကြောင်းကိုစုံစမ်းထားပြီးသား မိဘမျိုးရိုးကလည်း အပြစ်ပြောစရာမရှိ ကနာအကြောင်းကြားရသလောက်ကလည်းပညာရေးဘက်မှာလည်း ထူးချွန်ပြီးအနေအေးသောလူငယ်တစ်ယောက်လို့ကြားသိရလို့ ဘာမှ မပြောဘဲဒီချိန်ထိ လွှတ်ထားခဲ့တာပေါ့ ခုတော့ အပြင်မှာဆုံတာ ယဉ်ကျေးတဲ့အပြင် ရုပ်ရည်လေးကလည်း အပြစ်ပြောစရာမရှိ...






ဟားးး

ရီ‌မနေနဲ့ မြူ ငါ့ခဗျာ စကားမှားမှာလည်းကြောက်ရသိလား

💖အချစ်ဦး💖Where stories live. Discover now