💖အချစ်ဦး💖
အပိုင်း-၁၅
အားး အားး မေမေရေ အားးး မေမေရေ အား သားဗိုက်အောင့်တယ် အားးး အောင့်တယ် မေမေရေ
ဟဲ့ဟဲ့ သားကနာ ဘာဖြစ်တာလဲ
မနက်အစောကြီးကနာအခန်းထဲက အော်သံကြားလို့ ချက်ပြုတ်နေသော မေမေနှင့် အလုပ်သွားရန်ပြင်နေသော ဖေဖေပါ အခန်းထဲသို့ ဝင်လာကြသည်...
သား သား ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ
အား ဖေဖေသား အောင့်တယ် ဗိုက်ဗိုက် နာတယ် အားး နာတယ် မေမေ သားနာတယ်
ဖေကြီးလုပ်ပါဦး ဘယ်လိုလုပ်မလဲ
ဆေးရုံသွားမလား မေကြီး
အဲ့ဒါဆိုလည်းသွားမယ်လေ သွားမယ် သွားမယ် လုပ်လုပ် သားက ဘာဖြစ်လို့ ဖြစ်မှန်းလဲ မသိဘူး
အေးပါကွာ သားခဏစောင့်နော် ဖေဖေ ကားသွားထုတ်လိုက်မယ်
အား မေမေနာတယ် သားနာတယ်
အေးပါသားလေးရယ် ခဏလေးပါ ဘယ်နားကနာတာလဲဟင် သားလေး ခဏလေးနော်
လာလာသားလာ ဟုဆိုကာ ကနာ၏ဖခင်က ကနာကို တွဲပြီး ကားပေါ်တင်ကာ နီးစပ်ရာ ဆေးရုံသို့မောင်းလေသည်
ကနာ၏မိခင်ကတော့ သားဖြစ်သူကို ရင်ခွင်ထဲထည့်ကာ လက်ကိုဆုပ်ကိုင်ထားလေသည်...မေမေ သားမရတော့.. နာတယ် နာတယ် မေမေ
သားရယ် ခဏလေးပါနော် ခဏလေးဘဲ
ဆေးရုံရောက်တော့ ဆရာဝန်စစ်ဆေးပြီး ဆေးတစ်လုံးထိုးပေးလိုက်တော့ ကနာ အနာ သက်သာသွားလို့ထင်ပါရဲ့ အိပ်ပျော်သွားလေသည်...
ဆရာ ကျွန်တော့်သားဘာဖြစ်တာလဲ ဆရာ
ဟုတ်ကဲ့ပါအန်ကယ် အန်ကယ့်သားက အူလေး နည်းနည်းယောင်နေတာပါ ခုအနာသက်သာအောင်ဆေးထိုးထားပေးပါတယ် အမာတွေတော့ မကျွေးပါနဲ့ဦး တစ်ရက်နှစ်ရက်နေရင် သက်သာသွားမှာပါ
ဘာဖြစ်လို့အူယောင်တာလဲဆရာ
အစပ်တွေစားများတာလည်းပါမယ်ထင်တယ် တအားကြီးစပ်တာတွေကို အမြဲတမ်းစားနေရင် အူကမခံနိုင်ဘဲ အဲ့လိုဖြစ်တာပါ