အချစ်ဦး
အပိုင်း-၂၀
Final
မနက်7နာရီ...
ချစ်ရသူလေးသွားသည်မှာ ဒီနေ့ဆို တစ်နှစ်ရှိပြီ လွမ်းရတဲ့ရက်တွေကလည်း တစ်ကမ္ဘာလောက်ကြာသလိုပင် မိုးလင်းတာနဲ့စဉ်းစားမိတာ ချစ်ရသူအကြောင်းပင် တွေးစရာမလိုဘဲ ခေါင်းထဲရောက်လာတာ ချစ်ရသူေလးအကြောင်း...
💬-နိုးပြီးလား သည်းလေး😘
💬-သည်းလေး နိုးပြီလားလို့
💬-ဘာလို့ကို့ကို စာမပြန်တာလဲ
📲📲📲📲📲
ဖုန်းလည်း မကိုင်ဘူး ရေချိုးနေတာများလား အရင်ကဆို ဒီချိန် နိုးပါပြီ ဘာများဖြစ်နေတာလဲ မဟုတ်လောက်ပါဘူး
မနိုးသေးတာများလားမြူတစ်ယောက်တည်း အတွေးများနေစဉ်...
💬-နိုးပြီးကို ဒီနေ့ နည်းနည်း နောက်ကျသွားတာ အိပ်ရာထတာ ဖုန်းပါခေါ်ထားတာလား☺️
💬-ဟုတ်တယ် စိတ်ပူသွားတာပေါ့ သည်းလေးမှ စာမပြန်တာ ညကနောက်ကျမှ အိပ်ပြန်ပြီမလား😒
💬-ဟီးဟီး ဟုတ်တယ် ဒါဘဲနော် ရေချိုးတော့မယ် ကျောင်းနောက်ကျတော့မယ်
💬-ဟုတ်ပါပြီဗျာ😘
ခုမြူက အိမ်မှာမနေတော့ဘဲ ရုံးနဲ့နီးတဲ့ ကွန်ဒိုတစ်ခုမှာ နေနေလေသည် မေမေတို့က အိမ်မှာဘဲ နေလို့တားပေမဲ့ တားမရတော့ မြူဆန္ဒကိုလိုက်လျောခဲ့ခြင်းပင် မြူဘေးခန်းတွင်တော့ သူ၏အတွင်းရေးမှူးလည်းဖြစ် သူငယ်ချင်းလည်းဖြစ်သူ ဆန်းလည်းရှိသောကြောင့်လည်း စိတ်ချခဲ့ခြင်းဖြစ်သည် အလုပ်တွေကလည်းများတယ်ဆိုတော့ အိမ်လည်းသိပ်မပြန်ဖြစ် အိမ်ပြန်ရင်မြူက ဖေဖေတို့မေမေတို့ တစ်အိမ်ထဲမဟုတ် ကနာတို့အိမ်ပါမြူက ဝင်သည် ဝင်ရင်လည်း သူ့ချစ်ရသူ၏ အခန်းထဲသို့ရောက်လျှင် လွမ်းတဲ့စိတ်ကသူ့ကို ပိုလွှမ်းမိုးလို့...
ဒေါက်..ဒေါက်...
ဟိတ်ယျောင်မြူ ဟိတ်ယျောင် နိုးနေပြီလား
နိုးနေပါပြီကွာ မိုးလင်းတာနဲ့ ပွစိပွစိ လုပ်ဖို့စဉ်းစားမနေနဲ့