💖အချစ်ဦး💖{၁၆}

219 16 0
                                    

💖အချစ်ဦး💖

အပိုင်း-၁၆

သား ဒီနေ့ပြန်လာတာ နောက်ကျတယ်နော် ဘယ်သွားနေတာလဲ

ဘယ်မှ မသွားပါဘူးမေမေ သားဒီနေ့ ကနာ ဆေးရုံတက်နေလို့ သွားစောင့်ပေးနေတာ ခုရေလာပြန်ချိုးတာ ပြီးရင် ပြန်သွားမလို့မေမေ

ကနာဆိုတာ သားသူငယ်ချင်းလား

ဆိုပါတော့မေမေရယ်

အေအေး ရေချိုးပြီး ထမင်းစားသွားဦး မေမေပြင်ထား‌‌ေပးမယ်

ဟုတ်ကဲ့မေမေ

မြူလည်း ရေမြန်မြန်ချိုးပြီး မေမေပြင်ပေးတဲ့ ထမင်းစားကာ ဆေးရုံသို့သွားရန် ထွက်ခဲ့လိုက်လေသည်...

သားရေ နေဦး ခဏ

ဗျာမေမေ

ဒီမှာလေ မေမေနွားနို့လေးကျိုပေးထားတယ် သားသူငယ်ချင်းအတွက်ယူသွားလိုက်နော်

ကျေးဇူးဘဲမေမေ ဒါဆို သားသွားတော့မယ်နော်

အေးအေး ကောင်းကောင်းသွား သား

သားဘာလို့များ အဲ့လောက်လောနေရတာလဲ ထမင်းတောင်‌ကောင်းကောင်းမစားသွားရှာဘူး ကနာဆိုတဲ့ကလေးဘာဖြစ်လို့ ဆေးရုံတက်လဲတောင် မမေးလိုက်ရဘူး ဟွန်းးး ပြန်လာမှဘဲ မေးကြည့်တော့မယ်.......





ကနာများ ဗိုက်ပြန်နာနေမလား စိတ်ပူပြီး မြန်မြန်ပြန်လာခဲ့တာ အခန်းထဲကို ဝင်တော့ ကနာ အိပ်‌ပျော်နေတာကြောင့်
တိုးတိုးလေးဘဲ ဝင်ခဲ့လိုက်သည်...

အိပ်ပျော်နေတာ ကြာပြီလားထွန်း

မကြာသေးဘူး ခုနလေးကဘဲ

အော် ‌

မင်းတို့ တခုခု စားချင်သွားစားလေ

အေး ငါတို့ အအေးလေးဘာလေး သွားဝယ်လိုက်ဦးမယ် ဒါဆို

အေအေသွား

မြူ ပြန်ရောက်နေပြီလား

အင်း ကနာ ရောက်ပြီ မင်းနိုးပြီလား

အင်း နိုးပြီ မျက်နှာသစ်ပြီး ခြေလက်ဆေးချင်တယ်

ငါလုပ်ပေးမယ်လေ

နေ‌ နေရတယ် ငါ့ဘာသာလုပ်မယ် ဟိုအထုပ်ထဲက အဝတ်ဘဲ တစ်ချက်ထုပ်ပေး

💖အချစ်ဦး💖Where stories live. Discover now