💖အချစ်ဦး💖
အပိုင်း-၁၁
အပြင်ကမိုးစက်သံတဖြောက်ဖြောက်က လွမ်းစိတ်ကို ပိုတိုးစေပါသည် မြူနဲ့စကားမပြောဖြစ်တာပန်းခြံထဲမှာစကားပြောတဲ့နေ့တည်းကဘဲ ခုဆို နှစ်လလောက်ရှိပြီး သူနဲ့တွဲရိုက်ထားတဲ့ပုံတွေ ပြန်ကြည့်ပြီးရင် မျက်ရည်ကျမိတာကိုလည်း ထိန်းမရ ကုတင်ပေါ်တွင်ကနာတစ်ယောက် မြူပေးထားတဲ့ သော့ချိတ်လေးကို ထုတ်ကြည့်နေလေသည်
ငါတို့လည်း ဒီထဲကရေလိုဘဲ မပေါင်းစပ်နိုင်တော့ဘူးထင်တယ်
သား မေမေဝင်လာမယ်နော်
ဟုတ်ကဲ့မေမေ
နေမကောင်းဘူးလား သား
ကောင်းပါတယ်မေမေရဲ့
မသိပါဘူး သားကို ကြည့်ရတာ အရင်နဲ့မတူဘူး အခန်းထဲကလည်း သိပ်မထွက်ဘူး ဘာဖြစ်နေတာလဲ သား မေမေ့ကိုပြောလို့ရလား ပြောလို့ရရင်ပြောလေ မေမေနားထောင်ပေးမယ်
မေမေ သားလေ
အေပြောလေသားလေး မေမေနားထောင်နေတယ်
သားမှာလေ
အင်း
သားတစ်စုံတစ်ယောက်ကို ချစ်မိနေတယ်မေမေ
အမယ်လေး သားရယ် အဲ့တာများ မေမေ့ကို ပြောရခက်နေတာလား မေမေ နားလည်ပါတယ် မေမေတို့လည်း ငယ်ရာက ကြီးလာတာပါ ငါ့သားရဲ့ ဘာလဲခု အဲ့ဒီလူက တခြားတစ်ယောက်ကို ကြိုက်သွားလို့လား
ဟုတ်တယ်မေမေ
အို တကယ်လား မေမေက စလိုက်တာ သားလေးရဲ့ ငါ့သားလေးကို ဘယ်လို မိန်းကလေးကများ ပြန်မကြိုက်ရတာလဲ ပြောစမ်းမေမေ့ကို
မေမေ
ဟင်ပြောလေသားရဲ့
အဲ့ဒီလူကလေ သားချစ်မိတယ်ဆိုတဲ့လူကလေ မိန်းကလေးမဟုတ်ဘူး မေမေ
ဘယ်လို! မိန်းကလေးမဟုတ်ဘူး
ဟုတ်တယ်မေမေ သူကယောင်္ကျားလေး သားကို စိတ်ဆိုးသွားလားမေမေ သားကလေ ဟို
စိတ်မဆိုးပါဘူးသားရယ် ဘာလို့စိတ်ဆိုးရမှာလဲ ဒါက စိတ်ဆိုးစရာမှမဟုတ်တာ မေမေ့သူငယ်ချင်းထဲမှာတောင် မိန်းကလေးအချင်းချင်း ချစ်တဲ့လူရှိတယ် ဟိုတခါအိမ်ကို လာလည်သွားတဲ့ အန်တီမေကိုမှတ်မိလားသား