💖အချစ်ဦး💖
အပိုင်း-၄
ကနာ စာကျက်နေတုန်း နှခေါင်းထဲကို ဆေးလိပ်နံ့ကထောင်းခနဲဝင်လာသည်
မထား မရောက်သေးတာမို့ နိုနဲ့ထွန်းက စကားဖောင်ဖွဲ့နေကြသည်
မြူ
ဟင်
မင်းဆေးလိပ်သောက်လာတာလား
မင်းအနံ့ရလို့လား
အင်
အွန်းး
ဘာအွန်းလဲ သောက်လာတာလား
ဟုတ်တယ် တိုးတိုးပြောပါ ကနာရယ် မိန်းကလေးတွေကြားရင် တိုင်လိုက်ဦးမယ်
မင်းကသောက်စရာလား
ငါနည်းနည်းစိတ်ညစ်လို့ပါကွာ
စိတ်ညစ်လို့ ဆေးလိပ်သောက်ရမဲ့ အရွယ်ရောက်ပြီလားကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဦး
မင်းကကွာ ငါ့ကိုဆို အပြစ်ဘဲ မြင်နေတာဘဲ
မင်းမဟုတ်တာလုပ်တာကို ငါက အားပေးထောက်ခံနေရမှာလား
မင်းကို ဘယ်သူမှ မထောက်ခံခိုင်းဘူး အားလေးမပေးခိုင်းဘူး ငါ့ဘာသာဘာလုပ်လုပ် မင်းနဲ့လည်းမဆိုင်ဘူးok
ကို့ဘာသာနေ နားညီးတယ်ဘာ မြူ မင်းငါ့ကိုအဲ့လိုပြောတယ် ရတယ် မင်းဘာသာလုပ်ချင်တာလုပ်
အေ အစကတည်းက မင်းဝင်မပါသင့်တာဟုဆိုကာ ထထွက်သွားလေသည်
မြူလည်း ဒီတခါ အိမ်ပြန်တာ ဖခင်ဖြစ်သူနဲ့အဆင်မပြေဖြစ်ခဲ့တာကြောင့် စိတ်တိုပြီး စိတ်ထွက်ပေါက်ရှာလိုက်ခြင်းဖြစ်သည် ကနာတောင်အနံ့ရတယ်ဆိုတော့ မမထားလာလို့ သိသွားရင် ဆူခံထိမှာဆိုး၍ ရေချိုးလိုက်လေသည်
မြူဘာလို့ နောက်ကျနေတာလဲ
ရေချိုးနေလို့ပါအမ
စောစောချိုးလေ နောက်ခါ
ဟုတ်ကဲ့
ဒီည မြူရော ကနာရော ငြိမ်နေ ကနာလည်း သူ့ဘာသာလုပ်စရာရှိတဲ့စာတွေကို တစ်ဘာသာပြီးတစ်ဘာသာလုပ်နေသည် မြူလည်းထိုနည်းတူပင်
နို သူတို့နှစ်ယောက် ရန်ဖြစ်ကြပြန်ပြီလား
အေ ထင်တာဘဲ