💖အချစ်ဦး💖{၅}

252 17 0
                                    

💖အချစ်ဦး💖

အပိုင်း-၅

အံမယ် အံမယ် တည့်သွားကြပြီလား

မတည့်သေးဘူး

ကနာ မျက်နှာကိုမြင်တာနဲ့သိတယ်

ဒါနဲ့ ငါမေးဦးမယ် သိလား မင်းတို့နှစ်ကောင်ရန်ဖြစ်ရင် ဘယ်သူအရင်စခေါ်တာလဲ

နို သိချင်တယ်ပေါ့

သိချင်တယ်☺️

မပြောပြဘူး ဟားးးး

ကောင်းတယ် စပ်စုချင်တာကို ခံပေါ့

ပွေ့ဖိုင်း နင်ကော မသိချင်လို့လား

ငါက စပ်စုစရာမလိုဘူး သိပြီးသား

ကယ်ပြောစမ်းပါဦး

နေဦး ငါမေးလိုက်ဦးမယ် မြူ ငါဖြေတာမှန်သွားရင် နင်ငါ့ကို မုန့်ဝယ်ကျွေးရမယ်

ရတာပေါ့

နင်တို့နှစ်ယောက်ရန်ဖြစ်ရင် မြူ နင်ဘဲ စခေါ်တာမလား ကနာကို

အွန်းးး မှန်သလိုလိုတော့ရှိပေမဲ့

ဟားး မှန်သွားပြီ ကယ် မောင်လေးမြူ မမပွေ့ဖိုင်းကို ညနေကျရင် မုန့်လေး ဆက်သပါ မြူတကယ်သိလား နင်ဆိုးတယ်လို့ နာမည်ထွက်တော့ နင်တကယ်ဆိုးသွမ်းတယ်လို့ထင်တာ

ငါတကယ်တော့ ဆိုးပါတယ် ဆိုးလို့လည်း ခဏခဏ မိဘခေါ်ခံထိတာပေါ့

နင်ကောင်မလေး တစ်ယောက်နဲ့ ရည်းစားဖြစ်သေးတယ်ဆို ဟုတ်လား

ဟုတ်တယ်အဲ့ဒါလည်း ခုတော့ ပျက်သွားပါပြီ သူအရင်ဖျက်သွားတာငါ့ကို

ဟဲ့ခု နင်တို့အခန်းက မာယာဆိုလား နင့်ကိုသဘောကျနေတာ ကြားတယ်နော် သူဘောစိ မလား

အင်းငါလည်း သူများ‌တွေပြောတာ ကြားတာဘဲ ပွေ့ဖိုင်း ကို နို ဘာလို့အင်တာနက် လို့ခေါ်လဲ ခုမှဘဲသိတော့တယ် နင်အကုန်သိနေပါလား

ဒါက ငါ့ရဲ့ ပါရမီဘဲ

ဟိုမှာ မထားလာပြီး

ဝေါင်းဝေါင်း မထား အရမ်းလှနေတယ် ဒီနေ့

နိုပြောချင်တာ အရင်နေ့တွေက အမ မလှဘူးပေါ့

💖အချစ်ဦး💖Where stories live. Discover now